သိပ္ပံပညာရှင်တွေကို ခေါင်းစားသွားစေတဲ့ မြန်မာအစိမ်းရောင်မြွေပွေးမျိုးစိတ်သစ်

 

❝ သိပ္ပံပညာရှင်တွေကို ခေါင်းစားသွားစေတဲ့ မြန်မာအစိမ်းရောင်မြွေပွေးမျိုးစိတ်သစ် ❞

ygn, ygnth, yangon, m9 slot, m9 asia, m9 games, YGN, YGNTH, slot, casino, Sport, sport betting, betting, YANGON, စလော့, တောင်ပေါ်သား, grab, AIS, dtac, true money, Visa, pink card, employment agency, ygnslotth, Ygn th, ygn slot, Slot 

သဘာဝတရားရဲ့သားသမီးတွေကို ကျနော်တို့ လူသားတွေက စနစ်တကျနာမည်သတ်မှတ်ခွဲခြားခေါ်ကြပေမဲ့ သဘာဝတရားကို အသေအချာနားလည်ဖို့ ခက်ပါသေးတယ်။အခုလည်း မြန်မာနိုင်ငံရဲ့ တောနက်တွေထဲမှာ မျိုးစိတ်ခွဲခြားဖို့ အတော်လေး ခေါင်းစားရတဲ့ မြွေပွေးမျိုးစိတ်သစ် တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

တချို့မြွေတွေက ကြည့်လိုက်ရင် ရှိပြီးသားမျိုးစိတ်တစ်ခုနဲ့ တူနေပေမယ့် သေချာလေ့လာကြည့်တော့မှ လုံးဝကွဲပြားတဲ့ နောက်ထပ် မျိုးစိတ်အသစ်တစ်ခု ဖြစ်နေတာကို သိပ္ပံပညာရှင်တွေက အံ့သြဖွယ် တွေ့ရှိခဲ့တာပါ။
ဒီမြွေလေးကိုတော့ "ဧရာဝတီ မြွေပွေး" (Ayeyarwady pit viper) လို့ နာမည်ပေးထားပါတယ်။သာမန်အားဖြင့် သိပ္ပံပညာရှင်တွေက အကောင်တွေကို ရုပ်သွင်ပြင်လက္ခဏာပေါ် မူတည်ပြီး ခွဲခြားလေ့ရှိကြပါတယ်။


ဒါပေမယ့် ဧရာဝတီမြွေပွေးကတော့ အဲဒီသတ်မှတ်ချက်တွေကို အကုန်ချိုးဖောက်ထားပါတယ်။သူက ဘယ်လိုမျိုး ထူးခြားနေတာလဲဆိုတာ ဆက်ကြည့်ရအောင်ပါ။ပုံမှန်ဆိုရင် မြန်မာပြည်မြောက်ပိုင်းမှာ အစိမ်းရောင်သက်သက်ရှိပြီး ဘာအကွက်မှမပါတဲ့ မြွေစိမ်းမြီးခြောက်မျိုးနွယ်ဝင် Redtail pit viper တွေ ရှိပါတယ်။တောင်ပိုင်းမှာတော့ အရောင်အမျိုးမျိုးရှိပြီး အကွက်တွေပါတတ်တဲ့ "လမုမြွေပွေး" (Mangrove pit viper) တွေ ရှိပါတယ် (သူတို့က အစိမ်းရောင် လုံးဝ မပါပါဘူး)။

အခုတွေ့ရတဲ့ မြွေပွေးက အဲဒီဒေသနှစ်ခုကြားမှာ နေထိုင်ပြီး၊ မြွေစိမ်းမြီးခြောက်လို အစိမ်းရောင်ကိုယ်ထည် ရှိတဲ့အပြင် လမုမြွေပွေးလိုမျိုး အမည်းကွက်တွေလည်း ပါနေပါတယ်။ဒါကြောင့် အစပိုင်းမှာ သုတေသီတွေက ဒါဟာ မြွေမျိုးစပ် (Hybrid) လို့ပဲ ထင်ခဲ့ကြတာ ဖြစ်ပါတယ်။ဒီအကြောင်းကို သေချာသိရဖို့ ဒေါက်တာ Chan Kin Onn ဦးဆောင်တဲ့ သုတေသနအဖွဲ့က မြန်မာ့တောနက်တွေထဲအထိ အနီးကပ် သွားရောက်လေ့လာခဲ့တဲ့အခါမှာတော့ ဒါဟာ မျိုးစပ်မဟုတ်ဘဲ လုံးဝသီးခြားဖြစ်နေတဲ့ မျိုးစိတ်သစ်တစ်ခု ဖြစ်နေတာကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။


ပိုပြီး ခေါင်းစားစရာ ကောင်းတာက ဒီမျိုးစိတ်သစ်ထဲက တချို့အကောင်တွေမှာ အကွက်တွေ ပါပေမယ့်၊ တချို့ကတော့ အကွက် လုံးဝမပါဘဲ သာမန် မြွေစိမ်းမြီးခြောက်တွေနဲ့ တစ်ထေရာတည်း တူနေတာပါပဲ။ရုပ်ထွက်ချင်း အရမ်းတူနေပေမယ့် DNA စစ်ကြည့်တော့မှ လုံးဝ သီးခြားမျိုးစိတ်တွေ ဖြစ်နေတာပါ။ဒေါက်တာ Chan Kin Onn ကတော့ ဒါဟာ လွန်ခဲ့တဲ့ အတိတ်ကာလက မြောက်ပိုင်းနဲ့ တောင်ပိုင်း မြွေမျိုးစိတ်တွေကြားမှာ မျိုးဗီဇဖလှယ်မှုတွေ (Gene exchanges) ဖြစ်ခဲ့တာကြောင့်လို့ သုံးသပ်ထားပါတယ်။

ဒီမျိုးစိတ်သစ်ကို ဧရာဝတီမြစ်ကို အစွဲပြုပြီး ဧရာဝတီ မြွေပွေး (Trimeresurus ayeyarwadyensis) လို့ နာမည်ပေးခဲ့ပါတယ်။သဘာဝတရားကြီးထဲမှာ ဒီလို အပြင်ပန်းရုပ်သွင်နဲ့ မျိုးစိတ်ခွဲရခက်တာမျိုးက ဒီမြွေတစ်မျိုးတည်းတော့ မဟုတ်ပါဘူး။ဥပမာ - အမေဇုံတောထဲက ဖားလေးတွေ (Leaf-litter frogs) ဆိုရင် အပြင်ပန်းကြည့်ရင် မျိုးစိတ် ၁ မျိုး၊ ၂ မျိုးလောက်ပဲလို့ ထင်ရပေမယ့် DNA စစ်ကြည့်တဲ့အခါ မျိုးစိတ်ပေါင်း (၁၈) မျိုးတောင် ကွဲနေတာကို တွေ့ခဲ့ရဖူးပါတယ်။

ဒီဖားလေးတွေက သူတို့အချင်းချင်း အသံလှိုင်းတွေနဲ့ ခွဲခြားပြီး မိတ်လိုက်ကြတာပါ။ဒါဆိုရင် ရုပ်သွင်ကွဲပြားနေတဲ့ ဧရာဝတီ မြွေပွေးတွေကရော သူတို့နဲ့ မျိုးစိတ်တူကို ဘယ်လိုများ ခွဲခြားသိမြင်ပြီး မိတ်လိုက်ကြသလဲ ဆိုတာကတော့ ကျနော်တို့ ဆက်လက်လေ့လာရမယ့် စိတ်ဝင်စားစရာ မေးခွန်းတစ်ခုအဖြစ် ကျန်ရစ်နေပါတော့တယ်။

Previous Post  - ကံချေပေးမယ် ဆိုပြီးခွေးဖင်နဲ့မြွေပုံပို့ခိုင်းခဲ့တဲ့ ဗေဒင်ဆရာ

ကုသိုလ်လည်းရ ၀ိတ်လည်းကျ ချစ်စရာကောင်းတဲ့အကိုဖြစ်သူရဲ့ စေတနာ

ပတ္တရားတွင် အချစ်ရေးအငြင်းပွားမှုကြောင့် ချိန်းဆိုသတ်ဖြတ်ခံရ

ဘောလုံးသတင်းများဖတ်ရန်

ထိုင်းရောက်ရွှေမြန်မာတို့အတွက် ယုံကြည်စိတ်ချရတဲ့ ဂိမ်းဆိုက်မှာဂိမ်းကစားချင်ပါက



Comments