ထိုင်းနိုင်ငံ Nonthaburi က စက်ရုံမီးအကြီးအကျယ်လောင်ကျွမ်းပြီး မီးသ-တ်ကား အစီး ၃၀ ကျော်နဲ့ ငြိမ်းသ-တ်


 ထိုင်းနိုင်ငံ Nonthaburi က စက်ရုံမီးအကြီးအကျယ်လောင်ကျွမ်းပြီး မီးသ-တ်ကား အစီး ၃၀ ကျော်နဲ့ ငြိမ်းသ-တ်

ygnygnthyangonm9 slotm9 asiam9 gamesYGNYGNTHslotcasinoSportsport bettingbettingYANGONစလော့တောင်ပေါ်သားgrabAISdtactrue moneyVisapink cardemployment agencyygnslotthYgn thygn slotSlot

၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၉ ရက် နေ့လယ် ၁၂ နာရီခွဲဝန်းကျင်မှာ နွန်သဘူရီ (Nonthaburi) ပြည်နယ်၊ Bang Bua Thong ခရိုင်က မျက်မှန်နဲ့ ဆေးဘက်ဆိုင်ရာပစ္စည်း ထုတ်လုပ်တဲ့ စက်ရုံတစ်ရုံမှာ မီးအကြီးအကျယ် လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပါတယ်။ ၄ ထပ်ဆောင် အဆောက်အအုံရဲ့ ဒုတိယထပ်ကနေ စတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး မီးတောက်တွေနဲ့ မီးခိုးတွေဟာ စတုတ္ထထပ်အထိ အလျင်အမြန် ကူးစက်သွားခဲ့တာ ဖြစ်ပါတယ်။ အနီးနားက မြူနီစီပယ်နယ်မြေတွေက မီးသ-တ်ကား အစီး ၃၀ ကျော် လာရောက် ငြှိမ်းသ-တ်ခဲ့ရပြီး တစ်နာရီလောက်အကြာမှာတော့ မီးကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။

ဒီမီးလောင်မှုအတွင်း စက်ရုံရဲ့ ဒုတိယထပ်ကနေ စတုတ္ထထပ်အထိ အကုန်လုံးနီးပါး ပျက်စီးသွားခဲ့ပေမဲ့ ကံကောင်းထောက်မစွာနဲ့ စက်ရုံဝန်ထမ်းအားလုံး ဘေးကင်းရာကို အချိန်မီ ထွက်ခွာနိုင်ခဲ့ပါတယ်။ မီးလောင်နေတဲ့အချိန်မှာ ဝန်ထမ်းတွေဟာ စက်ရုံထဲက အဖိုးတန်ပစ္စည်းအချို့ကို ဝိုင်းဝန်းသယ်ထုတ်နိုင်ခဲ့ကြပြီး လက်ရှိမှာတော့ ‌ေ-သဆုံးသူ ဒါမှမဟုတ် ဒဏ်ရာရရှိသူ မရှိဘူးလို့ သိရပါတယ်။ ခရိုင်အုပ်ချုပ်ရေးမှူးနဲ့ သက်ဆိုင်ရာ အရာရှိတွေကတော့ အခင်းဖြစ်နေရာကို လာရောက်စ-စ်ဆေးခဲ့ကြပါတယ်။

လက်ရှိမှာတော့ မီးခိုးအနည်းငယ်ပဲ ကျန်တော့တဲ့အတွက် မီးသ-တ်သမားတွေက အဆောက်အအုံထဲကို ပြန်ဝင်ပြီး ရေဆက်ဖြန်းနေရဆဲ ဖြစ်ပါတယ်။ မီးလောင်ရတဲ့ အကြောင်းရင်းမှန်နဲ့ ပျက်စီးဆုံးရှုံးမှု တန်ဖိုးပမာဏကိုတော့ နွန်သဘူရီပြည်နယ် မှုခင်းဆေးစ-စ်ချက် အရာရှိတွေက အသေးစိတ် ဆက်လက်စ-စ်ဆေးသွားမှာ ဖြစ်ပါတယ်။ စက်ရုံဟာ လူနေထူထပ်တဲ့ နေရာမှာ ရှိတာကြောင့် မီးကူးစက်မှု မရှိအောင် မီးသ-တ်တပ်ဖွဲ့ဝင်တွေက အထူးသတိထား ဆောင်ရွက်ခဲ့ကြပါတယ်။

Previous Post  - ထိုင်းဟာ ဆာဟာရ သဲကန္တာရလို အပူချိန်မျိုးနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ သတိပေး

ထိုင်းဟာ ကမ္ဘာ့အနိမ့်ဆုံး ကလေးမွေးဖွားတဲ့ နိုင်ငံ ဖြစ်နေပြီး အမျိုးသမီး တစ်ယောက်ဟာ ကလေး ၀.၇၈ ယောက်ပဲ မွေးဖွား

ကင်ဆာရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်မယ့် အစားအစာ ၅ မျိုး

ဘောလုံးသတင်းများဖတ်ရန်

ထိုင်းရောက်ရွှေမြန်မာတို့အတွက် ယုံကြည်စိတ်ချရတဲ့ ဂိမ်းဆိုက်မှာဂိမ်းကစားချင်ပါက

Comments