ကင်ဆာရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်မယ့် အစားအစာ ၅ မျိုး
ygn, ygnth, yangon, m9 slot, m9 asia, m9 games, YGN, YGNTH, slot, casino, Sport, sport betting, betting, YANGON, စလော့, တောင်ပေါ်သား, grab, AIS, dtac, true money, Visa, pink card, employment agency, ygnslotth, Ygn th, ygn slot, Slot
ကင်ဆာရောဂါကာကွယ်ရေးဟာ အထူးအဆန်း အစားအစာတွေအပေါ်မှာပဲ မူတည်နေတာမဟုတ်ဘဲ အမျှင်ဓာတ်များပြီး အပင်အခြေပြု အစားအစာတွေကို ရွေးချယ်စားသောက်တဲ့ အလေ့အကျင့်က ခန္ဓာကိုယ်ရဲ့ ခုခံအားကို ပိုမိုကောင်းမွန်စေတယ်လို့ အမေရိကန်နိုင်ငံက ကင်ဆာအထူးကုဆရာဝန် Andre Goy က အကြံပြုထားပါတယ်။ ၂၀၂၆ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့မှာ ထွက်ပေါ်လာတဲ့ အဲဒီအကြံပြုချက်ထဲက အဓိကအချက်တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
🔶ဘယ်ရီသီးများ (Berries)
ဘလူးဘယ်ရီ၊ စတော်ဘယ်ရီနဲ့ ရက်စ်ဘယ်ရီသီးတွေမှာ Anthocyanin လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ အဲဒီဓာတ်တွေဟာ ခန္ဓာကိုယ်တွင်း ရောင်ရမ်းမှုကို လျှော့ချပေးပြီး ဆဲလ်တွေ ပျက်စီးမှုကို ပြုပြင်ပေးတဲ့နေရာမှာ အထောက်အကူပြုပါတယ်။
🔶ခရမ်းချဉ်သီး (Tomatoes)
ခရမ်းချဉ်သီးမှာ Lycopene လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပါဝင်ပြီး အထူးသဖြင့် အမျိုးသားတွေမှာဖြစ်တဲ့ ဆီးကျိတ်ကင်ဆာ ဖြစ်ပွားမှုကို လျှော့ချပေးနိုင်ပါတယ်။ ခရမ်းချဉ်သီးကို အစိမ်းစားတာထက် ချက်ပြုတ်စားသောက်တာက ပိုပြီး အကျိုးကျေးဇူး ရှိစေပါတယ်။
🔶ကောက်နှံလုံးများ (Whole Grains)
အုတ်ဂျုံ၊ ဆန်လုံးညိုနဲ့ ကွေနွာ (Quinoa) တို့လို အစာအုပ်စုတွေမှာ အမျှင်ဓာတ် (Fiber) ကြွယ်ဝတာကြောင့် အူလမ်းကြောင်း ကျန်းမာရေးကို ကောင်းမွန်စေပြီး အူမကြီးကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။ ဒါ့အပြင် ကိုယ်အလေးချိန်ကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။
🔶ပန်းဂေါ်ဖီမျိုးနွယ်ဝင် ဟင်းသီးဟင်းရွက်များ (Cruciferous Vegetables)
ပန်းဂေါ်ဖီစိမ်း၊ ပန်းဂေါ်ဖီဖြူ၊ ဂေါ်ဖီထုပ်နဲ့ ကိုက်လန်တို့မှာ ကင်ဆာဖြစ်စေတဲ့ အဆိပ်အတောက်တွေကို ခန္ဓာကိုယ်ထဲက ဖယ်ရှားပေးနိုင်တဲ့ ဒြပ်ပေါင်းတွေ ပါဝင်ပါတယ်။ အဲဒီအသီးအရွက်တွေဟာ ဆဲလ်တွေရဲ့ DNA ကို ထိခိုက်မှုမရှိအောင် ကာကွယ်ပေးပါတယ်။
🔶ကြက်သွန်ဖြူနဲ့ ကြက်သွန်နီ (Garlic and Onions)
ဒီအမယ်တွေဟာ ကင်ဆာဆဲလ်တွေ ကြီးထွားမှုကို တားဆီးပေးနိုင်သလို ခန္ဓာကိုယ်ရဲ့ အဆိပ်အတောက် ဖယ်ရှားတဲ့ လုပ်ငန်းစဉ်ကို အထောက်အကူပြုပါတယ်။ အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ကင်ဆာဖြစ်ပွားမှုနှုန်းကိုလည်း လျော့နည်းစေတယ်လို့ ဆိုပါတယ်။
ဆရာဝန်ရဲ့ အဆိုအရ အစားအသောက်ဟာ ကာကွယ်ရေးရဲ့ တစ်စိတ်တစ်ပိုင်းသာ ဖြစ်ပြီး ကျန်းမာတဲ့ နေထိုင်မှုပုံစံ ဖြစ်ဖို့အတွက် အိပ်ရေးဝဝအိပ်တာ၊ လေ့ကျင့်ခန်းလုပ်တာ၊ ဆေးလိပ်နဲ့ အရက်ကို ရှောင်ကြဉ်တာတွေအပြင် ပုံမှန်ကျန်းမာရေး စစ်ဆေးမှုတွေ လုပ်ဖို့လည်း လိုအပ်ကြောင်း အကြံပြုထားပါတယ်။
Previous Post - Si Chang မှာ မိန်းမကို ပင်လယ်ထဲ သယ်ပြေးတဲ့ ပွဲတော်မှာ ထိုင်းနဲ့ နိုင်ငံခြားသားတွေ ပါဝင်ခဲ့ကြ
ကပြရမလားဆိုပီး လင်က သူ့မယားကို ခေါင်းရိုက်ခွဲတဲ့ သတင်း
နခေါ့စီအယုဒရာမြို့မှာ နေထိုင်တဲ့၊ အသက် 38နှစ်အရွယ် အမတဦး၊ ဆိုင်ကယ်သမားက ရိုက်လုသွား
ထိုင်းရောက်ရွှေမြန်မာတို့အတွက် ယုံကြည်စိတ်ချရတဲ့ ဂိမ်းဆိုက်မှာဂိမ်းကစားချင်ပါက
Comments
Post a Comment