နော်ဝေ နိုင်ငံသားတစ်ယောက်ကို HIV ပျောက်ကင်းအောင် ကုသပေးနိုင်ခဲ့


 နော်ဝေ နိုင်ငံသားတစ်ယောက်ကို HIV ပျောက်ကင်းအောင်  ကုသပေးနိုင်ခဲ့ 

ygnygnthyangonm9 slotm9 asiam9 gamesYGNYGNTHslotcasinoSportsport bettingbettingYANGONစလော့တောင်ပေါ်သားgrabAISdtactrue moneyVisapink cardemployment agencyygnslotthYgn thygn slotSlot

အစ်ကိုဖြစ်သူဆီကနေ ပင်မဆဲလ် (stem cell) အစားထိုးကုသမှု ခံယူခဲ့တဲ့ နော်ဝေနိုင်ငံသားတစ်ယောက်ဟာ HIV ပိုး ပျောက်ကင်းသွားပြီလို့ ဆရာဝန်တွေက ကြေညာလိုက်ပါတယ်။ "အော်စလိုလူနာ" လို့ အမည်ပေးထားတဲ့ အဲဒီအသက် ၆၃ နှစ်အရွယ် အမျိုးသားဟာ သွေးကင်ဆာရောဂါအတွက် ကုသမှုခံယူရင်းနဲ့ ခုလိုမျိုး HIV ပိုးပါ ပျောက်ကင်းသွားတာ ဖြစ်ပါတယ်။ သူ့ရဲ့ အစ်ကိုဖြစ်သူမှာ HIV ပိုးကို ခုခံပေးနိုင်တဲ့ ရှားပါးမျိုးရိုးဗီဇ ပြောင်းလဲမှုတစ်ခု ရှိနေတာကို မမျှော်လင့်ဘဲ တွေ့ရှိခဲ့တာကြောင့် ခုလို ထူးထူးခြားခြား ပျောက်ကင်းသွားရတာ ဖြစ်ပါတယ်။

ဒီကုသမှုဟာ ထီနှစ်ကြိမ်ပေါက်သလိုပဲလို့ လူနာက တင်စားပြောဆိုခဲ့ပြီး အစားထိုးကုသမှု ခံယူပြီး နှစ်နှစ်အကြာမှာတော့ သူဟာ HIV ဆေးတွေ သောက်စရာမလိုတော့ဘဲ ခန္ဓာကိုယ်ထဲမှာလည်း ဗိုင်းရပ်စ်ပိုး လုံးဝ မရှိတော့ပါဘူး။ အရင်က HIV ပျောက်ကင်းခဲ့တဲ့ ရှားရှားပါးပါး  လူနာ ၉ ယောက်ဟာ မိသားစုဝင် မဟုတ်သူတွေဆီကနေ အစားထိုးကုသမှု ခံယူခဲ့ကြတာဖြစ်ပေမဲ့ အခု နော်ဝေနိုင်ငံသားကတော့ မိသားစုဝင်တစ်ယောက်ဆီကနေ အစားထိုးကုသပြီး ပျောက်ကင်းသွားတဲ့ ပထမဆုံးလူနာ ဖြစ်လာပါတယ်။ လောလောဆယ်မှာတော့ အဲဒီလူနာဟာ ကျန်းမာရေး အလွန်ကောင်းမွန်နေပြီး ခွန်အားတွေလည်း ပြည့်ဝနေတယ်လို့ သိရပါတယ်။

ဒါပေမဲ့ ဒီလို အစားထိုးကုသမှုဟာ နာကျင်မှုရှိပြီး အန္တရာယ်လည်း များတာကြောင့် HIV နဲ့ သွေးကင်ဆာရောဂါ နှစ်မျိုးစလုံး ခံစားနေရတဲ့ လူနာတွေအတွက်ပဲ သင့်တော်ပါတယ်။ ဒါကြောင့် ကမ္ဘာတစ်ဝှမ်းက HIV ဝေဒနာရှင် သန်းပေါင်းများစွာအတွက်တော့ ဒီနည်းလမ်းက လက်တွေ့အသုံးချဖို့ မလွယ်ကူသေးပါဘူး။ ဒါပေမဲ့ ခုလို ရှားပါးဖြစ်စဉ်တွေကို လေ့လာခြင်းအားဖြင့် နောက်ပိုင်းမှာ HIV ဝေဒနာရှင်အားလုံးအတွက် ပျောက်ကင်းနိုင်မယ့် နည်းလမ်းကောင်းတွေကို ရှာဖွေတွေ့ရှိနိုင်မယ်လို့ သုတေသီတွေက မျှော်လင့်နေကြပါတယ်။

Previous Post  -  ဧပြီ ၁၆ မှ ၁၈ အထိ နွေမုန်တိုင်း ဝင်မည် ဒေသအချို့ မိုးသည်းထန်ပြီး လေပြင်းတိုက်ခက်နိုင်

❝သောင်ရင်းမြစ်ဘေးမှာ ထိုင်းနဲ့ မြန်မာ နှစ်သစ်ကူး အထူးဆင်နွှဲ❞

❝ဧပြီလ (၁၄) ရက်နေ့ ထိုင်းနိုင်ငံရဲ့ "မိသားစုများနေ့❞

ဘောလုံးသတင်းများဖတ်ရန်

ထိုင်းရောက်ရွှေမြန်မာတို့အတွက် ယုံကြည်စိတ်ချရတဲ့ ဂိမ်းဆိုက်မှာဂိမ်းကစားချင်ပါက

Comments