ဧပြီ ၁၆ မှ ၁၈ အထိ နွေမုန်တိုင်း ဝင်မည် ဒေသအချို့ မိုးသည်းထန်ပြီး လေပြင်းတိုက်ခက်နိုင်

 


ဧပြီ ၁၆ မှ ၁၈ အထိ နွေမုန်တိုင်း ဝင်မည် ဒေသအချို့ မိုးသည်းထန်ပြီး လေပြင်းတိုက်ခက်နိုင်

ygnygnthyangonm9 slotm9 asiam9 gamesYGNYGNTHslotcasinoSportsport bettingbettingYANGONစလော့တောင်ပေါ်သားgrabAISdtactrue moneyVisapink cardemployment agencyygnslotthYgn thygn slotSlot

လာမယ့် ဧပြီ ၁၆ ကနေ ၁၈ ရက်အတွင်းမှာ ထိုင်းနိုင်ငံအထက်ပိုင်းဒေသတွေမှာ နွေဦးမုန်တိုင်း ဝင်ရောက်လာဖို့ ရှိနေပါတယ်။ မိုးသည်းထန်စွာ ရွာတာတင်မကဘဲ လေပြင်းတိုက်ခတ်တာနဲ့ မိုးသီးကြွေတာမျိုးတွေပါ ဖြစ်လာနိုင်တယ်လို့ မိုးလေဝသဌာနက သတိပေးထားပါတယ်။ ဒီမုန်တိုင်းဟာ အရှေ့မြောက်ပိုင်းကနေ အရင်စတင်မှာဖြစ်ပြီး အဲဒီနောက်မှာတော့ အရှေ့ပိုင်း၊ အလယ်ပိုင်းနဲ့ မြောက်ပိုင်းအောက်ခြေဒေသတွေကိုပါ ဆက်တိုက် ရိုက်ခတ်သွားမှာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ထိုင်းနိုင်ငံအနှံ့အပြားမှာ အပူရှိန်က အတော်လေး မြင့်တက်နေဆဲပါ။ အထူးသဖြင့် မြောက်ပိုင်း၊ အရှေ့မြောက်ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေမှာ အပူချိန်ဟာ ၄၀ ကနေ ၄၂ ဒီဂရီစဲလ်စီးယပ်စ်အထိ ရှိနေတာကြောင့် အပြင်ထွက် အလုပ်လုပ်ရသူတွေအနေနဲ့ နေပူထဲမှာ အချိန်အကြာကြီး နေတာမျိုးကို တတ်နိုင်သမျှ ရှောင်ကြဉ်ကြဖို့ တိုက်တွန်းထားပါတယ်။ အပူဒဏ်ကြောင့် ကျန်းမာရေး ထိခိုက်တာမျိုး မဖြစ်အောင် ဂရုစိုက်ရမယ့် အခြေအနေ ဖြစ်ပါတယ်။

တောင်ပိုင်းဒေသတွေမှာတော့ အပူရှိန်ရှိနေပေမယ့် ကမ်းရိုးတန်းတစ်လျှောက် နေရာကွက်ပြီး မိုးရွာနိုင်ခြေ ၁၀ ရာခိုင်နှုန်းလောက် ရှိနေပါတယ်။ အထူးသဖြင့် နခွန်စီထာမရတ်၊ ဖတ်သလုံ၊ ဆောင်ခလာ၊ ကရာဘီနဲ့ ထရန်း စတဲ့ ခရိုင်တွေမှာ မိုးရွာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ပင်လယ်ပြင်မှာ လှိုင်းအမြင့် ၁ မီတာဝန်းကျင် ရှိနိုင်ပေမယ့် မိုးသက်လေပြင်းကျတဲ့ နေရာတွေမှာတော့ လှိုင်းပိုကြီးနိုင်တာကြောင့် ရေလုပ်သားတွေနဲ့ ခရီးသွားတွေ သတိထားဖို့ လိုအပ်ပါတယ်။

အပူဒဏ်တင်မကဘဲ မြောက်ပိုင်းနဲ့ အလယ်ပိုင်း အထက်ပိုင်းဒေသတွေမှာ လေထုထဲ ဖုန်မှုန့် (PM 2.5) စုဆောင်းမှုက စံချိန်ထက် ကျော်လွန်နေပါတယ်။ လေဝင်လေထွက် မကောင်းတာနဲ့ မီးခိုးမြူတွေဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေ ဖြစ်နိုင်တာကြောင့် အပြင်ထွက်ရင် N95 mask ကို မဖြစ်မနေ တပ်ဆင်ကြဖို့ဘည်း သတိပေးထားပါတယ်။ မိုးမရွာခင်အထိတော့ ဒီဖုန်မှုန့်အန္တရာယ်က ဆက်ရှိနေဦးမှာ ဖြစ်တယ်လို့ matichon သတင်းက ဖော်ပြပါတယ်။

Previous Post  - ❝သောင်ရင်းမြစ်ဘေးမှာ ထိုင်းနဲ့ မြန်မာ နှစ်သစ်ကူး အထူးဆင်နွှဲ❞

❝ဧပြီလ (၁၄) ရက်နေ့ ထိုင်းနိုင်ငံရဲ့ "မိသားစုများနေ့❞

❝ဆုန်ကရန် ၂ ရက်တာအတွင်း ယာဥ်တိုက်မှုကြောင့် ၇၁ ဦးသေဆုံး❞

ဘောလုံးသတင်းများဖတ်ရန်

ထိုင်းရောက်ရွှေမြန်မာတို့အတွက် ယုံကြည်စိတ်ချရတဲ့ ဂိမ်းဆိုက်မှာဂိမ်းကစားချင်ပါက

Comments