ထိုင်း ကွန်ဒိုတွေ ဝယ်ယူမှု အမေရိကန် နဲ့ တရုတ်ကျဆင်းသွားပြီး မြန်မာက အများဆုံးမြင့်မားလာ

 


ထိုင်း ကွန်ဒိုတွေ ဝယ်ယူမှု အမေရိကန် နဲ့ တရုတ်ကျဆင်းသွားပြီး မြန်မာက အများဆုံးမြင့်မားလာ

ygnygnthyangonm9 slotm9 asiam9 gamesYGNYGNTHslotcasinoSportsport bettingbettingYANGONစလော့တောင်ပေါ်သားgrabAISdtactrue moneyVisapink cardemployment agencyygnslotthYgn thygn slotSlot 

ထိုင်းနိုင်ငံရဲ့ ကွန်ဒိုမီနီယံဈေးကွက်မှာ အဓိကဝယ်ယူနေကျဖြစ်တဲ့ တရုတ်နဲ့ အမေရိကန်နိုင်ငံသားတွေရဲ့ ဝယ်ယူမှုနှုန်းဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်အတွင်းမှာ သိသိသာသာ ကျဆင်းသွားခဲ့ပါတယ်။ အိမ်ခြံမြေ သတင်းအချက်အလက် စင်တာ (REIC) ရဲ့ အဆိုအရ တရုတ်ဝယ်ယူသူတွေရဲ့ ပမာဏဟာ ၁၂ ဒသမ ၉ ရာခိုင်နှုန်း ကျဆင်းခဲ့သလို အမေရိကန် ဝယ်ယူသူတွေဘက်ကလည်း ၁၁ ဒသမ ၈ ရာခိုင်နှုန်းလောက်အထိ လျော့နည်းသွားတာကို တွေ့ရပါတယ်။

ဒီလိုအခြေအနေမှာ မြန်မာနိုင်ငံက ဝယ်ယူသူတွေဟာ အရင်နှစ်ထက်စာရင် ၄၁ ဒသမ ၈ ရာခိုင်နှုန်းအထိ ပိုများလာပြီး ကွန်ဒိုယူနစ်ပေါင်း ၁,၉၆၈ ခုအထိ ဝယ်ယူခဲ့ကြတာကြောင့် ဝယ်ယူမှုအများဆုံး မြင့်တက်လာတဲ့ နိုင်ငံဖြစ်လာပါတယ်။ ဒါပေမဲ့ ဝယ်ယူတဲ့ စုစုပေါင်းတန်ဖိုးကတော့ ၁၂ ဒသမ ၅ ရာခိုင်နှုန်းလောက် လျော့ကျသွားတာကြောင့် မြန်မာဝယ်ယူသူတွေဟာ ဈေးနှုန်းသက်သာတဲ့ ကွန်ဒိုတွေကို ပိုပြီးရွေးချယ်လာကြတယ်လို့ သုံးသပ်ရပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကြည့်ရင်တော့ နိုင်ငံခြားသားတွေဆီ ကွန်ဒိုလွှဲပြောင်းမှုဟာ ၂၀၂၄ ခုနှစ်နဲ့ ယှဉ်ရင် ၂၀၂၅ ခုနှစ်မှာ အရေအတွက် ၂ ဒသမ ၂ ရာခိုင်နှုန်း တိုးလာပေမဲ့ စုစုပေါင်းတန်ဖိုးကတော့ ၁၀ ဒသမ ၇ ရာခိုင်နှုန်းလောက် လျော့ကျသွားပါတယ်။ ဒါဟာ ကမ္ဘာ့စီးပွားရေး အခြေအနေတွေနဲ့ တရုတ်နိုင်ငံရဲ့ ပြည်တွင်းစီးပွားရေး စိန်ခေါ်မှုတွေကြောင့် နိုင်ငံခြားသား ဝယ်ယူသူတွေဘက်က ပိုပြီးသတိထား ဝယ်ယူလာကြတာကို ပြသနေတာ ဖြစ်ပါတယ်။

Previous Post  - ညီမလေး အစ်ကို အလုပ်ပေးမယ် ဆိုပီး ၊ကောင်မလေးတယောက်ကို တည်းခိုခန်းထဲခေါ်သွားပီး၊နောက်ဆုံးလမ်းဘေးမှာ ပစ်ထားခဲ့လို့ ၊ဒီကောင်မလေးက ကားတံခါးခိုစီးပီး လိုက်လာခဲ့

သားအမက်က ယောင်းခမကို မကျေနပ်လို့ အိမ်ကို 18ဘီးကားနဲ့တိုက်ပီး ဖျက်ဆီးပစ်

စမူဆာစားပီး နတ်ပြည်တက်ကြမဲ့ သူ၂ယောက် ပိုက်ဆံ မရှိလို့ ရွှေဆိုင်ကို ဓ-ါးပြတိုက်တဲ့သတင်း။

ဘောလုံးသတင်းများဖတ်ရန်

ထိုင်းရောက်ရွှေမြန်မာတို့အတွက် ယုံကြည်စိတ်ချရတဲ့ ဂိမ်းဆိုက်မှာဂိမ်းကစားချင်ပါက

Comments