"ကိုယ့်ခွေးလေးကို ပြန်ရဖို့ ခွေးထိန်းသူကို ဘတ် ၁ သိန်း ပေးလိုက်ရတဲ့ ထိုင်းအမျိုးသမီး!"


 "ကိုယ့်ခွေးလေးကို ပြန်ရဖို့ ခွေးထိန်းသူကို ဘတ် ၁ သိန်း ပေးလိုက်ရတဲ့ ထိုင်းအမျိုးသမီး!"

ygnygnthyangonm9 slotm9 asiam9 gamesYGNYGNTHslotcasinoSportsport bettingbettingYANGONစလော့တောင်ပေါ်သားgrabAISdtactrue moneyVisapink cardemployment agencyygnslotthYgn thygn slotSlot

ထိုင်းနိုင်ငံတွင် လေဖြတ်၍ ဆေးကုသမှုခံယူနေစဉ်အတွင်း သူမ၏ အိမ်မွေးခွေးလေးကို သူတစ်ပါးထံ အပ်နှံထားခဲ့ရာမှ၊ ပြန်လည်တောင်းခံချိန်တွင် ခွေးထိန်းသူက ဘတ် ၁၀၀,၀၀၀ အတင်းအကျပ် တောင်းခံခဲ့သည့် ဖြစ်စဉ်တစ်ခု ပေါ်ပေါက်ခဲ့ပါတယ်။

ဖြစ်စဉ်အသေးစိတ် အချက်အလက်များ

အသက် (၃၅) နှစ်အရွယ် 'ပါရီ' (Pare) သည် သူမ (၁၀) နှစ်ကြာ မွေးမြူထားသည့် 'ကေတီ' (Kati) အမည်ရ ပိုမိုရေးနီးယန်း (Pomeranian) ခွေးလေးကို သူမ လေဖြတ်နေစဉ်အတွင်း အွန်လိုင်းကသိကျွမ်းသော 'နစ်ကီ' (Nicky) ဆိုသူကတစ်ဆင့် ၎င်း၏မွေးစားသားဖြစ်သူ 'တီးမ်' (Team) ဆိုသူထံ အပ်နှံစောင့်ရှောက်ခိုင်းခဲ့ပါတယ်။

ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသဖြင့် ခွေးလေးကို ပြန်တောင်းရာ 'တီးမ်' က ပြန်ပေးရန် ငြင်းဆန်ခဲ့ပြီး၊ ကြိုတင်သဘောတူညီထားခြင်းမရှိဘဲ စောင့်ရှောက်ခအဖြစ် ဘတ် ၁ သိန်းကို အတင်းအကျပ် တောင်းခံခဲ့ပါတယ်။

 ဤအငြင်းပွားမှုကို Channel 3 ၏ နာမည်ကြီး Hone Krasae ရုပ်သံအစီအစဉ်တွင် သွားရောက်ဖြေရှင်းခဲ့ပါတယ်။ အွန်လိုင်းတွင် 'ပါရီ' ကို ထောက်ခံသူများရှိသလို၊ ခွေးလေး၏ ဆေးဖိုးဝါးခနှင့် ကျန်းမာရေးကို 'ပါရီ' ဆက်လက်မပံ့ပိုးနိုင်မည်ကို စိုးရိမ်သည့် 'နစ်ကီ' ၏ဘက်မှ ရပ်တည်သူများလည်း ရှိခဲ့ပါတယ်။ ('နစ်ကီ' သည် ယခင်ကလည်း ခွေးလေးအတွက် ဘတ် ၅ သိန်းကျော် အခမဲ့ ကူညီပေးခဲ့ဖူးသူ ဖြစ်ပါတယ်။)

 ရုပ်သံအစီအစဉ် တင်ဆက်သူ 'ကန်ချိုင်း' (Kanchai Kamnerdploy) က ပါရီအတွက် အဆိုပါ ဘတ် ၁ သိန်းကို စိုက်ထုတ်ပေးခဲ့ပြီး၊ ခွေးလေးကို သေချာစောင့်ရှောက်နိုင်ကြောင်း သက်သေပြနိုင်ပါက ပြန်ဆပ်ရန်မလိုကြောင်း ကမ်းလှမ်းခဲ့ပါတယ်။ ဧပြီလ ၂၃ ရက်နေ့တွင် မင်းဘူရီ (Min Buri) ရဲစခန်း၌ တရားဝင် ငွေပေးချေပြီး ခွေးလေးကို ပြန်လည်ရွေးယူနိုင်ခဲ့ကာ အမှုကျေအေးသွားခဲ့ပါတယ်။


ဒီသတင်းစဉ်ကို လေ့လာကြည့်ရင် နှုတ်ကတိနဲ့ဖြစ်စေ၊ အွန်လိုင်းကနေ ခင်မင်မှုနဲ့ဖြစ်စေ ကိုယ့်ရဲ့ပိုင်ဆိုင်မှု ဒါမှမဟုတ် တန်ဖိုးထားရတဲ့အရာတွေကို သူတစ်ပါးဆီ အပ်နှံတဲ့အခါ နောက်ပိုင်းမှာ ငွေကြေးအလွဲသုံးစားလုပ် တောင်းခံခံရတဲ့အထိ ပြဿနာတွေ ကြီးထွားလာနိုင်တယ်ဆိုတာကို သတိပြုမိမှာပါ။

ဒါကြောင့် ထိုင်းနိုင်ငံမှာ ရောက်ရှိနေကြတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ညီအစ်ကိုမောင်နှမတွေအနေနဲ့ ကိုယ့်ရဲ့ ငွေကြေး၊ ပိုင်ဆိုင်မှုနဲ့ အရေးကြီးတဲ့ အရာတွေကို သူစိမ်းတွေ ဒါမှမဟုတ် သိပ်မရင်းနှီးသူတွေဆီ ယုံကြည်ပြီး အလွယ်တကူ အပ်နှံတာမျိုး လုံးဝ (လုံးဝ) မလုပ်ပါနဲ့။ မလွှဲမရှောင်သာ အပ်နှံရမယ်ဆိုရင်တောင် တိကျတဲ့ စာချုပ်စာတမ်း၊ ခိုင်လုံတဲ့ သဘောတူညီချက် အထောက်အထားတွေနဲ့မှသာ ပြုလုပ်ကြဖို့ အထူးသတိပေး တိုက်တွန်းလိုက်ရပါတယ်။

Previous Post   - "ဖူးခက် (Phuket) လေဆိပ်တွင် နိုင်ငံခြားသားခရီးသွားနှစ်ဦး ငှားရမ်းထားသော ဆိုင်ကယ်များကို စွန့်ပစ်သွားခဲ့သဖြင့် ဝေဖန်မှုများထွက်ပေါ်!"

"ဖူးခက် (Phuket) တွင် လေထီးစီးစဉ် စပိဘုတ်ပန်ကာနှင့် ကြိုးငြိပြတ်တောက်ကာ ခရီးသွားတစ်ဦး ပင်လယ်ထဲပြုတ်ကျ!"

❝ဖူးခက်၊ ပါတောင်းကမ်းခြေက အုန်းသီးတစ်လုံး ၁၅၀ ဘတ် ဈေးကြီးလွန်းလို့ဆိုပြီး TikTok ပေါ်မှာ ဝေဖန်မှုတွေဖြစ်နေ❞

ဘောလုံးသတင်းများဖတ်ရန်

ထိုင်းရောက်ရွှေမြန်မာတို့အတွက် ယုံကြည်စိတ်ချရတဲ့ ဂိမ်းဆိုက်မှာဂိမ်းကစားချင်ပါက

Comments