မီးရထားလမ်းမှာ ကော်ဆန့်လုပ်ဖို့ လာကြတဲ့ မြန်မာ 63ယောက် အဖမ်းခံလိုက်ရ
24ရက်နေ့ ထိုင်းနိုင်ငံ ဖရောင်းမြို့က အိမ်တလုံးမှာ ရဲတွေက သွားဖမ်းကြတာ။ အားလုံး 63ယောက်၊ ကျား 33၊မက 30ဖြစ်ပီး၊ အဲထဲက 18နှစ် မပြည့်တဲ့ ကလေး 3ဦးပါပါတယ်ရှင့်။ ခေါ်လာတဲ့ ပွဲစားက ယောက်ကျား၁ဦးနဲ့၊ မိန်းမတဦးဖြစ်ပီး၊ မြန်မာတွေလို့ ပြောပြတယ်။
ပွဲစားက မဲ့ဆိုင် -ချင်းလိုင်းဘက်ကနေ ခေါ်လာပီး၊ ထိုင်းကိုဝင်ဖို့ ကားအဆင့်ဆင့် စီးခဲ့ရတယ်တဲ့ရှင့်။ အလုပ်သွားလုပ်မဲ့ နေရာက၊ မီးရထားလမ်း ကော်ဆန့်သွားလုပ်ကြမဲ့ နေရာက၊ ဖိစနလုပ်မြို့နဲ့ ဘန်ကောက် ကို သွားကြမှာ။
63ယောက်လုံးက တိုင်းရင်းသား ပေါင်းစုံတွေ ပါကြပီး၊ ပွဲစားကိုတော့ မမိဘူး။ တယောက်ကို တက်လာခ ပွဲစားကို ပေးခဲ့ရတာ ဘတ် 8,500฿-ကနေ ဘတ် 10,000฿ထိ ပေးခဲ့ရတယ်လို့ ထွက်ဆိုခဲ့ကြတယ်။
Comments
Post a Comment