ထိုင်းမှာ ၆ လအတွင်း ဘတ် ၂.၃ ဘီလီယံတန်ကြေးရှိ ကုန်ပစ္စည်း အတု ၁.၃ သန်းကျော်ကို သိမ်းဆည်းရမိ

 


ထိုင်းမှာ ၆ လအတွင်း ဘတ် ၂.၃ ဘီလီယံတန်ကြေးရှိ ကုန်ပစ္စည်း အတု ၁.၃ သန်းကျော်ကို သိမ်းဆည်းရမိ

ygnygnthyangonm9 slotm9 asiam9 gamesYGNYGNTHslotcasinoSportsport bettingbettingYANGONစလော့တောင်ပေါ်သားgrabAISdtactrue moneyVisapink cardemployment agencyygnslotthYgn thygn slotSlot 

ထိုင်းအစိုးရဟာ မူပိုင်ခွင့်ချိုးဖောက်မှုတွေကို အရှိန်အဟုန်မြှင့်နှိမ်နင်းနေပြီး ၂၀၂၆ ဘဏ္ဍာနှစ် ပထမ ၆ လအတွင်းမှာပဲ ဘတ် ၂.၃ ဘီလီယံကျော် တန်ဖိုးရှိတဲ့ ကုန်ပစ္စည်းအတု ၁.၃ သန်းကျော်ကို သိမ်းဆည်းရမိခဲ့ပါတယ်။ ၂၀၂၅ ခုနှစ် အောက်တိုဘာလကနေ ၂၀၂၆ ခုနှစ် မတ်လအထိ ဖ-မ်းဆီးရမိမှု ၃၃၂ မှု ရှိခဲ့ပြီး ဒါဟာ ပြီးခဲ့တဲ့ ၂၀၂၅ ဘဏ္ဍာနှစ် တစ်နှစ်လုံး ဖ-မ်းဆီးရမိမှုထက် ၇၈ ရာခိုင်နှုန်းအထိ ပိုမိုများပြားလာတာပါ။ စီးပွားရေးဇုန်တွေ၊ ဂိုဒေါင်တွေ၊ နယ်စပ်ဂိတ်တွေနဲ့ အွန်လိုင်းအရောင်းပလပ်ဖောင်းတွေမှာ အဓိကထား ဖ-မ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ဒုတိယဝန်ကြီးချုပ်နဲ့ ဘဏ္ဍာရေးဝန်ကြီးဖြစ်တဲ့ Mr. Ekniti Nitithanprapas ရဲ့ ပြောကြားချက်အရ ထိုင်းနိုင်ငံရဲ့ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုအပေါ် ယုံကြည်မှု ပိုမိုခိုင်မာလာစေဖို့အတွက် မူပိုင်ခွင့်ချိုးဖောက်မှုတွေကို တားဆီးနှိမ်နင်းဖို့ ဝန်ကြီးချုပ်က သက်ဆိုင်ရာဌာနအားလုံးကို ညွှန်ကြားထားတယ်လို့ သိရပါတယ်။ လက်ရှိမှာ အွန်လိုင်းဈေးကွက်တွေနဲ့ နယ်စပ်မှောင်ခိုလမ်းကြောင်းတွေအထိ ဖြန့်ကြက်စ-စ်ဆေးနေပြီး ပစ္စည်းအမျိုးအစား စုံလင်စွာ သိမ်းဆည်းရမိခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် အစိုးရအနေနဲ့ မူပိုင်ခွင့်ကာကွယ်ရေး စံနှုန်းတွေကို မြှင့်တင်ဖို့ "Trade Plus" မဟာဗျူဟာကို အကောင်အထည်ဖော်နေပြီး ပုဂ္ဂလိကကဏ္ဍ၊ မူပိုင်ခွင့်ပိုင်ရှင်တွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ပါ ပူးပေါင်းဆောင်ရွက်နေပါတယ်။ အတုအပပစ္စည်းတွေဟာ တရားဝင်စီးပွားရေးလုပ်ငန်းတွေနဲ့ အသေးစား၊ အလတ်စားလုပ်ငန်း (SME) တွေရဲ့ ယှဉ်ပြိုင်နိုင်စွမ်းကို ထိခိုက်စေတဲ့အပြင် စားသုံးသူတွေအတွက်လည်း အန္တရာယ်ရှိနိုင်တာကြောင့် အတုအပပစ္စည်းတွေကို မဝယ်ယူကြဖို့ အစိုးရက တိုက်တွန်းထားပါတယ်။

Previous Post  - Sa Kaeo မှာ ဘန်ကောက်ကို ပို့မယ့် ကုန်ပစ္စည်း အတု ၂၀,၀၀၀ ကျော်ကို ဂိုဒေါင်တစ်ခုအတွင်း ဝင်ရောက်စီးနင်းသိမ်းဆည်း

❝ထိုင်းနိုင်ငံကနေ ထွက်ခွာမယ့် ထိုင်းတွေကို ဘတ် ၁,၀၀၀ အခွန်ကောက်မယ်❞

❝ညစ်ညမ်းကားရိုက်သူအများစုကို တွေ့ရနိုင်တဲ့ ထိုင်းက Sam Khok ဂုံးတံတား❞

ဘောလုံးသတင်းများဖတ်ရန်

ထိုင်းရောက်ရွှေမြန်မာတို့အတွက် ယုံကြည်စိတ်ချရတဲ့ ဂိမ်းဆိုက်မှာဂိမ်းကစားချင်ပါက

Comments