Sa Kaeo မှာ ဘန်ကောက်ကို ပို့မယ့် ကုန်ပစ္စည်း အတု ၂၀,၀၀၀ ကျော်ကို ဂိုဒေါင်တစ်ခုအတွင်း ဝင်ရောက်စီးနင်းသိမ်းဆည်း
Sa Kaeo မှာ ဘန်ကောက်ကို ပို့မယ့် ကုန်ပစ္စည်း အတု ၂၀,၀၀၀ ကျော်ကို ဂိုဒေါင်တစ်ခုအတွင်း ဝင်ရောက်စီးနင်းသိမ်းဆည်း
ygn, ygnth, yangon, m9 slot, m9 asia, m9 games, YGN, YGNTH, slot, casino, Sport, sport betting, betting, YANGON, စလော့, တောင်ပေါ်သား, grab, AIS, dtac, true money, Visa, pink card, employment agency, ygnslotth, Ygn th, ygn slot, Slot
ထိုင်း အာဏာပိုင်တွေဟာ ထိုင်း-ကမ္ဘောဒီးယား နယ်စပ်အနီး Sa Kaeo မှာ ရှိတဲ့ ဂိုဒေါင်တစ်ခုကို ဝင်ရောက်စီးနင်းခဲ့ပြီး ဘန်ကောက်မြို့ကို ပို့ဆောင်ဖို့ ပြင်ဆင်ထားတဲ့ ဘဲဥ ၁၄,၀၀၀ ကျော်နဲ့အတူ အလှကုန်၊ အဖျော်ယမကာနဲ့ အခြောက်အစာတွေ အပါအဝင် တရားမဝင်ကုန်ပစ္စည်းပေါင်း ၂၀,၀၀၀ ကျော်ကို သိမ်းဆည်းရမိခဲ့ပါတယ်။ ဒီစစ်ဆင်ရေးကို ဧပြီလ ၂၈ ရက်နေ့ ညနေပိုင်းမှာ ရဲတပ်ဖွဲ့ နဲ့ အကောက်ခွန် ဌာန ပူးပေါင်းအဖွဲ့တွေက ရှာဖွေဝရမ်းနဲ့ ဝင်ရောက်ရှာဖွေခဲ့တာ ဖြစ်ပါတယ်။
ဒီစီးနင်းမှုအတွင်းမှာ သံသယရှိသူ ၃ ဦးကို ဖ-မ်းဆီးရမိခဲ့ပြီး အဲဒီထဲမှာ အသက် ၅၄ နှစ်အရွယ် အမျိုးသားတစ်ဦး၊ အသက် ၄၈ နှစ်အရွယ် ဂိုဒေါင်ပိုင်ရှင် အမျိုးသမီးနဲ့ အိမ်စောင့်အဖြစ် တာဝန်ယူထားတဲ့ ကမ္ဘောဒီးယားနိုင်ငံသားတစ်ဦးတို့ ပါဝင်ပါတယ်။ ဂိုဒေါင်အတွင်းမှာ ပစ္စည်းတွေကို ဗန်ကားပေါ် တင်နေတုန်း ဖ-မ်းဆီးရမိခဲ့တာဖြစ်ပြီး သယ်ယူပို့ဆောင်ရေးမှာ အသုံးပြုတဲ့ မော်တော်ယာဉ်ကိုလည်း သက်သေခံအဖြစ် သိမ်းဆည်းခဲ့ပါတယ်။
ဂိုဒေါင်ပိုင်ရှင်က သူဟာ ဒီလုပ်ငန်းကို လုပ်ကိုင်လာတာ တစ်နှစ်ခန့် ရှိပြီလို့ ဝန်ခံထားပြီး ပစ္စည်းတွေကို ဘန်ကောက်မှာ ပြန်လည်ရောင်းချမယ့်သူတွေဆီ ပို့ဆောင်ပေးနေတာလို့ ပြောပါတယ်။ လောလောဆယ်မှာတော့ အာဏာပိုင်တွေက သူတို့ကို တိရစ္ဆာန်ကူးစက်ရောဂါကာကွယ်ရေးဥပဒေနဲ့ အကောက်ခွန်ဥပဒေတွေအရ အမှုဖွင့် အရေးယူထားပြီး ဒီမှောင်ခိုဂိုဏ်းနဲ့ ဆက်စပ်နေတဲ့ တခြားသူတွေကိုလည်း ဆက်လက်စုံစမ်း ရှာဖွေနေပါတယ်။
Previous Post - ❝ထိုင်းနိုင်ငံကနေ ထွက်ခွာမယ့် ထိုင်းတွေကို ဘတ် ၁,၀၀၀ အခွန်ကောက်မယ်❞
❝ညစ်ညမ်းကားရိုက်သူအများစုကို တွေ့ရနိုင်တဲ့ ထိုင်းက Sam Khok ဂုံးတံတား❞
ဒေါ်နယ်ထရမ့် ရုပ်ပုံပါတဲ့ အမေရိကန် Passport တွေ ထုတ်ဝေမည်
ထိုင်းရောက်ရွှေမြန်မာတို့အတွက် ယုံကြည်စိတ်ချရတဲ့ ဂိမ်းဆိုက်မှာဂိမ်းကစားချင်ပါက
Comments
Post a Comment