❝ဘန်ကောက်ဆုန်ကရန်မှာ ရေပြွတ်ကနေ တဆင့် လိင်စိတ်ကြွဆေးနဲ့ ပက်ခံရသူ❞

 


❝ဘန်ကောက်ဆုန်ကရန်မှာ ရေပြွတ်ကနေ တဆင့် လိင်စိတ်ကြွဆေးနဲ့ ပက်ခံရသူ❞

ygnygnthyangonm9 slotm9 asiam9 gamesYGNYGNTHslotcasinoSportsport bettingbettingYANGONစလော့တောင်ပေါ်သားgrabAISdtactrue moneyVisapink cardemployment agencyygnslotthYgn thygn slotSlot

ဘန်ကောက်မြို့က ဆုန်ကရန်ပွဲတော်အတွင်းမှာ ရေပက်ခံထွက်ရင်း ရေပြွတ်ထဲကနေတစ်ဆင့် GHB (Date R@pe Drug) လို့ခေါ်တဲ့ မေ့ဆေး (သို့မဟုတ်) စိတ်ကြွဆေးတစ်မျိုးနဲ့ အဖျန်းခံခဲ့ရတယ်လို့ ထိုင်းအမျိုးသမီးတစ်ဦးက လူမှုကွန်ရက်မှာ သတိပေးလိုက်ပါတယ်။

.အမျိုးသမီးဟာ ဘန်ကောက်က နာမည်ကြီးဖျော်ဖြေရေးနယ်မြေဖြစ်တဲ့ Route 66 မှာ ဆင်နွှဲနေစဉ် အမည်မသိသူတစ်ဦးက သူ့မျက်နှာနဲ့ ပါးစပ်ထဲကို ရေနဲ့ပက်ခဲ့ရာကနေ သတိလစ်သွားခဲ့တာပါ။ သူမဟာ သူစိမ်းတွေပေးတဲ့ အအေးကိုလည်း မသောက်ခဲ့သလို၊ သူ့သူငယ်ချင်းနဲ့အတူတူ သောက်နေတဲ့ ခွက်ကလည်း အဖုံးပါပြီးသားဖြစ်တယ်လို့ ဆိုပါတယ်။ သူဟာ ည ၁၀ နာရီ ပွဲကိုရောက်၊ ၁၁ လောက်မှာ စဖြစ်ပြီး ညသန်းခေါင် ၁ နာရီမှာတော့ ဆေးရုံကို တင်လိုက်ရတာပါ။

.ဆေးရုံရောက်တဲ့အခါ ဆရာဝန်က စစ်ဆေးကြည့်တော့ ခန္ဓာကိုယ်ထဲမှာ GHB ဆေးဝါးတွေ တွေ့ရှိခဲ့ရတယ်လို့ ဆေးစစ်ချက်မှတ်တမ်းနဲ့တကွ ပြန်လည်မျှဝေထားပါတယ်။ အဲ့ဒီဆေးကြောင့် သူမဟာ တက်တာ၊ ပါးစပ်က အမြှုပ်ထွက်တာတွေ ဖြစ်ခဲ့ပြီး အချိန်မီ ဆေးရုံတင်ခဲ့ရပါတယ်။

.ဒီဖြစ်စဉ်ဟာ တခြားသူတွေအတွက်လည်း အန္တရာယ်ရှိနိုင်တာမို့ ပွဲလမ်းသဘင်သွားရင် ရေပက်ခံရတဲ့အခါမှာလည်း အထူးဂရုစိုက်ကြဖို့ သူက သတိပေးထားပါတယ်။ လောလောဆယ်မှာတော့ အွန်လိုင်းအသုံးပြုသူတွေက ဒီကိစ္စကို သက်ဆိုင်ရာက အသေအချာ စုံစမ်းစစ်ဆေးပေးဖို့ တောင်းဆိုနေကြပါတယ်။

Previous Post  - ❝ဝမ်လိုင်ပွဲမှာ မြန်မာတွေက ခမာတစ်ဦးကို ဓားနဲ့ ဝိုင်းထိုး❞

❝ဧပြီလ ရက် (၂၀) အထိ သတိထားရမယ့် နွေရာသီမုန်တိုင်း❞

ထိုင်းနိုင်ငံ Nonthaburi က စက်ရုံမီးအကြီးအကျယ်လောင်ကျွမ်းပြီး မီးသ-တ်ကား အစီး ၃၀ ကျော်နဲ့ ငြိမ်းသ-တ်

ဘောလုံးသတင်းများဖတ်ရန်

ထိုင်းရောက်ရွှေမြန်မာတို့အတွက် ယုံကြည်စိတ်ချရတဲ့ ဂိမ်းဆိုက်မှာဂိမ်းကစားချင်ပါက

Comments