❝ထိုင်းမှာ အသည်းရောင်အသားဝါ (A) ပိုးတွေ အဖြစ်များလာ❞
ygn, ygnth, yangon, m9 slot, m9 asia, m9 games, YGN, YGNTH, slot, casino, Sport, sport betting, betting, YANGON, စလော့, တောင်ပေါ်သား, grab, AIS, dtac, true money, Visa, pink card, employment agency, ygnslotth, Ygn th, ygn slot, Slot
ထိုင်းနိုင်ငံမှာ နွေရာသီကာလအတွင်း အသည်းရောင်အသားဝါ (A) ပိုး ကူးစက်ခံရသူ အရေအတွက်က သိသိသာသာ မြင့်တက်လာနေလို့ သက်ဆိုင်ရာ ကျန်းမာရေးဌာနတွေကနေပြီးတော့ ပြည်သူတွေအနေနဲ့ ဒီရောဂါအန္တရာယ်ကို သတိထားကြဖို့ တိုက်တွန်းချက်တွေ ထုတ်
ပြန်ထားပါတယ်။
.အသည်းရောင်အသားဝါ (A) ဆိုတာက များသောအားဖြင့် မသန့်ရှင်းတဲ့ အစားအစာတွေနဲ့ ရေကနေတစ်ဆင့် ကူးစက်တတ်တာပါ။ အထူးသဖြင့် နွေရာသီလို အချိန်မျိုးမှာ အစားအသောက်တွေက သိုးလွယ်ဟောင်းလွယ်သလို၊ ရေခဲတွေ၊ အအေးတွေ သောက်တဲ့အခါမှာလည်း သန့်ရှင်းမှုမရှိရင် ဒီပိုးက ခန္ဓာကိုယ်ထဲကို ဝင်လာနိုင်ပါတယ်။
.ထိုင်းရောက် ရွှေမြန်မာတို့အနေနဲ့-
၁။ အစားအသောက်တွေကို ကျကျနန ချက်ပြုတ်ထားတဲ့ အပူကိုပဲ စားပါ။
၂။ လက်ကို ခဏခဏ ဆေးပါ။ အထူးသဖြင့် အစာမစားခင်နဲ့ အိမ်သာတက်ပြီးတိုင်း လက်ဆေးဖို့ မမေ့ပါနဲ့။
၃။ သန့်ရှင်းမှု အာမခံချက်မရှိတဲ့ လမ်းဘေးက ရေခဲတွေ၊ အအေးတွေကို တတ်နိုင်သမျှ ရှောင်ပါ။
.အကယ်၍ ကိုယ့်မှာ ဖျားတာ၊ နုန်းတာ၊ ဗိုက်အောင့်တာ ဒါမှမဟုတ် မျက်လုံးနဲ့ အသားတွေ ဝါလာတာမျိုး ဖြစ်လာပြီဆိုရင်တော့ မပေါ့ဆဘဲ နီးစပ်ရာ ဆေးခန်း၊ ဆေးရုံကို အမြန်ဆုံး သွားကြဖို့ အကြံပြုထားပါတယ်နော်။
Previous Post - ဘန်ကောက်မှာ ဘတ်စ်ကား ရောက်မယ့် အချိန်ကို ပြသပေးတဲ့ ဒစ်ဂျစ်တယ်ဆိုင်းဘုတ် ၅၀၀ တပ်ဆင်မည်
Comments
Post a Comment