ဘန်ကောက်မှာ ဘတ်စ်ကား ရောက်မယ့် အချိန်ကို ပြသပေးတဲ့ ဒစ်ဂျစ်တယ်ဆိုင်းဘုတ် ၅၀၀ တပ်ဆင်မည်
ygn, ygnth, yangon, m9 slot, m9 asia, m9 games, YGN, YGNTH, slot, casino, Sport, sport betting, betting, YANGON, စလော့, တောင်ပေါ်သား, grab, AIS, dtac, true money, Visa, pink card, employment agency, ygnslotth, Ygn th, ygn slot, Slot
ဘန်ကောက်မှာ ဘတ်စ်ကားမှတ်တိုင်ကွန်ရက်ကို အဆင့်မြှင့်တင်မယ့် အကြီးစားစီမံကိန်းတစ်ခုကို အကောင်အထည်ဖော်နေပါတယ်။ ဘန်ကောက်မှာ ဘတ်စ်ကားမှတ်တိုင်ပေါင်း ၅,၁၉၉ ခုဝန်းကျင်ရှိပြီး ဒီနှစ်အတွင်းမှာ မှတ်တိုင်ပေါင်း ၁,၁၀၀ ကို အသစ်ပြင်ဆင်သွားမှာဖြစ်ပါတယ်။ အဲဒီထဲက မှတ်တိုင် ၅၀၀ မှာဆိုရင် ဘတ်စ်ကားရောက်လာမယ့်အချိန်ကို အချိန်နဲ့တစ်ပြေးညီ ဖော်ပြပေးမယ့် ဒစ်ဂျစ်တယ်ဆိုင်းဘုတ်စနစ်တွေ ပါဝင်လာမှာဖြစ်ပြီး ကျန်တဲ့ ၆၀၀ ကိုတော့ ပိုမိုကြည်လင်ပြတ်သားတဲ့ လမ်းညွှန်မြေပုံတွေနဲ့ ဒီဇိုင်းအသစ်တွေ ပြောင်းလဲတပ်ဆင်သွားမှာ ဖြစ်ပါတယ်။
ဒီစီမံကိန်းရဲ့ အဓိကရည်ရွယ်ချက်က ခရီးသွားပြည်သူတွေနဲ့ ကမ္ဘာလှည့်ခရီးသည်တွေအတွက် ဘတ်စ်ကားလမ်းကြောင်းတွေနဲ့ ရောက်ရှိမယ့်အချိန်တွေကို တိတိကျကျ သိရှိနိုင်ဖို့ ဖြစ်ပါတယ်။ မှတ်တိုင်အသစ်တွေမှာ အနီးနားက ထင်ရှားတဲ့နေရာ ၃၀ ကျော်ကို ပြသထားတဲ့ လမ်းလျှောက်မြေပုံတွေလည်း ပါဝင်မှာဖြစ်သလို၊ စီးပွားရေးဇုန်နဲ့ လူနေရပ်ကွက်တွေအလိုက် သင့်တော်တဲ့ ဒီဇိုင်းတွေကို အသုံးပြုသွားမှာပါ။
လာမယ့် မေလကစပြီး စတင်အဆင့်မြှင့်မှာ ဖြစ်ပြီး ၂၀၂၆ ခုနှစ်အတွင်းမှာ အပြီးသတ်ဖို့ လျာထားပါတယ်။ ဘန်ကောက်မြို့တော် စီမံခန့်ခွဲရေးအဖွဲ့ (BMA) အနေနဲ့ Mayday၊ Grab နဲ့ ထိုင်းခရီးသွားလုပ်ငန်းအဖွဲ့တို့နဲ့ ပူးပေါင်းဆောင်ရွက်တာဖြစ်ပြီး ဒါဟာ ဘန်ကောက်ရဲ့ မြို့တွင်းသွားလာရေး အတွေ့အကြုံကို ပိုကောင်းအောင် ပြောင်းလဲပေးနိုင်မယ်လို့ မျှော်လင့်ထားကြပါတယ်။
Previous Post - မြန်မာ၁ဦး ကားတာရာ ဆိုင်ထဲမှာ နေနေရင်း ဆုံးသွား
Comments
Post a Comment