အဖေ့ နောက်ဆုံး ဆန္ဒပြည့်ဝစေဖို့ အသုဘမှာ ဆက်စီ အကမယ်တွေနဲ့ ဖျော်ဖြေပေးတဲ့ မိသားစု
ygn, ygnth, yangon, m9 slot, m9 asia, m9 games, YGN, YGNTH, slot, casino, Sport, sport betting, betting, YANGON, စလော့, တောင်ပေါ်သား, grab, AIS, dtac, true money, Visa, pink card, employment agency, ygnslotth, Ygn th, ygn slot, Slot
ထိုင်းနိုင်ငံ၊ Nakhon Si Thammarat ပြည်နယ်၊ Ron Phibun ခရိုင်မှာ ဖြစ်ပွားခဲ့တဲ့ ထူးထူးခြားခြား နာရေးသတင်းတစ်ခုက အွန်လိုင်းမှာ အတော်လေး လူပြောများနေပါတယ်။ အသက် ၅၉ နှစ်အရွယ် Vinit Nuphat ရဲ့ နောက်ဆုံးခရီးမှာ မိသားစုဝင်တွေက ဝမ်းနည်းပူဆွေးမှုတွေအစား ပျော်ပျော်ပါးပါး ဖြစ်စေဖို့အတွက် ဆက်စီ အကမယ် ၃ ဦးကို ငှားရမ်းပြီး အခေါင်းရှေ့မှာ ကပြဖျော်ဖြေခိုင်းခဲ့တာဖြစ်ပါတယ်။
ဧပြီ ၂၀ ရက်နေ့ညက ကျင်းပတဲ့ အဲဒီနာရေးမှာတော့ တရားနာလာတဲ့ ဧည့်သည်တွေလည်း ဝမ်းနည်းဖို့ မေ့သွားပြီး ဖုန်းကိုယ်စီနဲ့ ဗီဒီယိုရိုက်ကြတာကြောင့် ပွဲကတော့ တကယ့်ကို စည်ကားလို့နေပါတယ်။
ဒီလိုလုပ်ရတာဟာ နောက်ပြောင်တာမဟုတ်ဘဲ ကွယ်လွန်သူ Vinit Nuphat ရဲ့ နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးတာလို့ မိသားစုဝင်တွေက ပြောပါတယ်။ သူ မရှိတော့တဲ့အခါ နာရေးမှာ မျက်ရည်တွေ၊ ဝမ်းနည်းမှုတွေနဲ့ မရှိစေချင်ဘဲ လူတိုင်းကို ပျော်ပျော်ပါးပါးနဲ့ပဲ သူ့ကို နှုတ်ဆက်စေချင်ခဲ့တာပါ။ ဒါကြောင့် မိသားစုဝင်တွေကလည်း ဖခင်ဖြစ်သူ ကောင်းကင်ဘုံကို ပျော်ပျော်ရွှင်ရွှင် တက်လှမ်းနိုင်အောင် ဆိုပြီး အခုလို တေးဂီတတွေနဲ့ ကခုန်နှုတ်ဆက်တဲ့ အစီအစဉ်ကို စီစဉ်ခဲ့တာဖြစ်ပါတယ်။
အဲဒီ နာရေးဗီဒီယိုဟာ အွန်လိုင်းမှာ ပျံ့နှံ့သွားပြီးနောက် လူမှုကွန်ရက်အသုံးပြုသူတွေကြားမှာ အတော်လေး စိတ်ဝင်စားမှု ရရှိခဲ့ပါတယ်။ အချို့ကလည်း ဒါဟာ လူကြီးမိဘရဲ့ နောက်ဆုံးဆန္ဒကို အကောင်းဆုံး ဖြည့်ဆည်းပေးတဲ့ သားသမီးတွေရဲ့ လုပ်ရပ်အဖြစ် ချီးကျူးနေကြသလို၊ အချို့ကလည်း ထူးဆန်းတဲ့ နာရေးပွဲအဖြစ် မှတ်ချက်ပေးနေကြပါတယ်။
အခမ်းအနားတွေအပြီးမှာတော့ Vinit Nuphat ရဲ့ ရုပ်အလောင်းကို ဒီကနေ့ (ဧပြီ ၂၁ ရက်) မွန်းလွဲပိုင်းမှာ Wat Thepphanom Cheuat ဘုန်းကြီးကျောင်းကို ပို့ဆောင်ပြီး မီးသင်္ဂြိုဟ်လိုက်ပြီ ဖြစ်ပါတယ်။
Previous Post - အလှူခံ ပိုက်ဆံပုံးဖောက်ပီး၊ ကြက်မသွားချတဲ့ သူကို ဖမ်းတဲ့ သတင်း
Comments
Post a Comment