အလှူခံ ပိုက်ဆံပုံးဖောက်ပီး၊ ကြက်မသွားချတဲ့ သူကို ဖမ်းတဲ့ သတင်း
ဖြစ်စဉ်က နွန်ထပူလီမြို့ ဘုန်းကြီးကျောင်း တကျောင်းမှာ ဖြစ်သွားပီး၊ ကြက်မသွားချတဲ့ သူခိုးကို20ရက်နေ့က ဖမ်းမိသွားတာ။ သူခိုးထွက်ဆိုချက်က ပထမတော့ ကြက်မဆီ သွားဖို့ အစီစဉ် မရှိဘူး၊
ဒါပေမဲ့ သူ့နှလုံးသားက တောင်းတနေတော့၊ ကြက်မဖိုး ပိုက်ဆံ မရှိတော့၊ ဘုန်းကြီးကျောင်း လျှပ်စစ် အလှူခံ ပုံးကို တူနဲ့ ဖောက်ပီး၊ အထဲက ဘတ်ငွေ 800ကို ခိုးသွားခဲ့တယ်။ ပီးတော့ 19ရက်နေ့ နေ့လည် 1:40က၊ လမ်းထိပ်မှာ ဆိုင်ကယ် တက်စီကို ငှါးရမ်းခဲ့ပီး၊ သူ ကြက်မတွေ နေတဲ့ အဆောင်တွေကို လိုက်ပို့ပေးပီး၊အသွားအပြန် ဆိုင်ကယ်ငှါးခ ဘတ် 300နဲ့ သဘောတူညီ ခဲ့ကြတယ်ရှင့်။
ကြက်မတွေ နေတဲ့နေရာ ရောက်တော့ သူခိုးက၊ ဆိုင်ကယ်သမားကို အပြင်မှာ စောင့်ခိုင်းထားတယ်။ 45မိနစ်နေတော့ သူခိုးက ၊ကြက်မချပီး ပြန်ထွက်လာပီးနောက် ဆိုင်ကယိနဲ့ပဲ ပြန်ပို့ခိုင်းခဲ့တယ်တဲ့ရှင်။ ဟိုရောက်တော့ ဆိုင်ကယ်သမားက အသွားအပြန် ငှါးခ ဘတ်300 ဆိုင်ကယ်ဖိုး တောင်းတော့၊သူခိုးက ငါပိုက်ဆံ မရှိတော့ဘူး၊ ကြက်မသွားချတာ အားလုံးကုန်ပီလို့ ဆိုတော့၊
သူခိုးကို ဆိုင်ကယ်သမားက ၊လိမ်စီးမှုနဲ့ တရားသွားစွဲရင်းမှ၊ ဒီသူခိုးက အလှူခံပုံးကို ခိုးသွားတဲ့ သူနဲ့ တယောက်ထဲ ဖြစ်နေပါတယ်ရှင့်။ အဲနောက် ပိုက်ဆံ အလှူငွေ ဘတ် 800ဘယ်မှာလဲမေးတော့၊ သူခိုးက ကြက်မဖိုးပေးလို့ ကုန်သွားပီလို့ ထွက်ဆိုခဲ့တယ်။
Previous Post - ကောင်ချောချောလေးပါးကို ဘုန်းကြီးက သွားကိုင်ညစ်လို့ အတိုင်ခံရတဲ့သတင်း
ထိုင်းမှာ ထောင်မကျချင်ဘူးဆိုတဲ့ ငိုပီး တောင်းပန်နေတဲ့၊ နိုင်ဂျီးရီးယား အမျိုးသား၁ဦး
ထိုင်းရောက်ရွှေမြန်မာတို့အတွက် ယုံကြည်စိတ်ချရတဲ့ ဂိမ်းဆိုက်မှာဂိမ်းကစားချင်ပါက
Comments
Post a Comment