ထိုင်းမှာ ဆီဈေးတက်လို့ အခြေခံကုန်ဈေးနှုန်းတွေ မြင့်တက်လာ
ygn, ygnth, yangon, m9 slot, m9 asia, m9 games, YGN, YGNTH, slot, casino, Sport, sport betting, betting, YANGON, စလော့, တောင်ပေါ်သား, grab, AIS, dtac, true money, Visa, pink card, employment agency, ygnslotth, Ygn th, ygn slot, Slot
စက်သုံးဆီနဲ့ သယ်ယူပို့ဆောင်ရေးစရိတ်တွေ မြင့်တက်လာတဲ့အတွက် ထိုင်းနိုင်ငံမှာ အခြေခံလူသုံးကုန်ပစ္စည်းတွေရဲ့ ဈေးနှုန်းတွေ မြင့်တက်လာမယ့် အန္တရာယ်ရှိနေပါတယ်။ အထူးသဖြင့် စားအုန်းဆီဈေးနှုန်းတွေဟာ အစိုးရရဲ့ ဇီဝဒီဇယ် မူဝါဒတွေနဲ့ ထုပ်ပိုးမှုစရိတ် မြင့်တက်လာတာတွေကြောင့် တစ်ဘူးကို ၅ ဘတ်ကနေ ၈ ဘတ်အထိ မြင့်တက်လာခဲ့ပါတယ်။
စားအုန်းဆီအပြင် တခြားကုန်ပစ္စည်းတွေလည်း သက်ရောက်မှုရှိနေပါတယ်။ ပလတ်စတစ်ကုန်ကြမ်းနဲ့ သယ်ယူပို့ဆောင်ရေးစရိတ်တွေ ကြီးမြင့်လာတာကြောင့် ရေသန့်ဘူးတွေရဲ့ လက်ကားဈေးတွေ မြင့်တက်လာသလို၊ တချို့ မုန့်ထုတ်လုပ်ရေးလုပ်ငန်းတွေကလည်း ကုန်ကျစရိတ် မကာမိတော့တဲ့အတွက် ၅ ဘတ်တန် မုန့်တွေကို ထုတ်လုပ်မှု ရပ်ဆိုင်းလိုက်ပါတယ်။
ဒီအခြေအနေနဲ့ ပတ်သက်ပြီး ပြည်တွင်းကုန်သွယ်ရေးဦးစီးဌာနကတော့ စားအုန်းဆီဟာ ထိန်းချုပ်ကုန်စည်ဖြစ်တာကြောင့် ပြည်သူတွေ စိုးရိမ်ပူပန်မှုမဖြစ်ဖို့ ပြောကြားထားပါတယ်။ အဲဒီအပြင် စားအုန်းဆီ လက်ကျန်အလုံအလောက်ရှိသလို အဓိက ကုန်ထုတ်လုပ်ငန်းကြီးတွေနဲ့ ဆွေးနွေးမှုတွေအရ လာမယ့် ဧပြီလအထိ ဈေးနှုန်းတွေကို တည်ငြိမ်အောင် ထိန်းထားပေးဖို့ သဘောတူညီထားကြပါတယ်။
ဒါပေမဲ့ အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် ပလတ်စတစ်ထုပ်ပိုးမှု ကုန်ကြမ်း ထောက်ပံ့ရေးကွင်းဆက် ပြတ်တောက်နိုင်ခြေရှိနေပါတယ်။ ဒါကြောင့် အစိုးရအနေနဲ့ ကုန်ကြမ်းတွေ ရရှိဖို့ ကြိုးပမ်းနေသလို၊ မတရား အမြတ်ထုတ်တာနဲ့ ကုန်ပစ္စည်း သိုလှောင်တာတွေကို တားဆီးဖို့ စ-စ်ဆေးမှုတွေ တိုးမြှင့်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
Previous Post - ထိုင်းမှာ ဒီနေ့ ၄၀ ဒီဂရီ စင်တီဂရိတ်အထိ ပူပြင်းနိုင်တယ်လို့ သတိပေး
ဘာမှမဟုတ်တဲ့ အကြောင်းလေးနဲ့ မြန်မာ၁ဦး ငွေ100ကြောင့်- စကားများကြပီး- အ-သ-တ်-ခံလိုက်
ပထုံဌာနီမှာ 20ရက်နေ့ ညနေပိုင်းလောက်က- ၆ဘီးကားနဲ့ ရဲကို တိုက်-သ-တိသွားသူရဲ့ ထွက်ဆိုချက်။
ထိုင်းရောက်ရွှေမြန်မာတို့အတွက် ယုံကြည်စိတ်ချရတဲ့ ဂိမ်းဆိုက်မှာဂိမ်းကစားချင်ပါက
Comments
Post a Comment