"​ထိုင်းနိုင်ငံ၊ စမုတ်ပရာကန်ခရိုင်မှာ ထူးဆန်းပြီး လူပြောများသွားတဲ့ သတင်းတစ်ခု"


"​ထိုင်းနိုင်ငံ၊ စမုတ်ပရာကန်ခရိုင်မှာ ထူးဆန်းပြီး လူပြောများသွားတဲ့ သတင်းတစ်ခု"

 

ကရတုံရည်(ဘိန်းစာရွက်ပြုတ်ရည်)ရောင်းတဲ့ လူငယ်တစ်ဦးဟာ အလုပ်ပင်ပန်းပြီး လမ်းလယ်ခေါင်မှာတင် ကားရပ်ပြီး အိပ်ပျော်သွားလို့ ကားလမ်းတွေ ကီလိုမီတာနဲ့ချီ ပိတ်ဆို့ခဲ့ရတဲ့ ဖြစ်စဉ်ပဲ ဖြစ်ပါတယ်။

"​အသက် ၂၉ နှစ်အရွယ် ဘိန်းစာရွက်ပြုတ်ရည်ရောင်းသူ "မောင်အေ" (အမည်လွှဲ) ဟာ ဘန်ဖလီနယ်မြေမှာ ဆိုင်ပိတ်ပြီး အိမ်အပြန် လမ်းပိတ်နေတုန်း ကားပေါ်မှာတင် အိပ်ပျော်သွားခဲ့တာပါ။" ကားက ဘယ်ဘက်အစွန်ဆုံး လမ်းကြောမှာ ရပ်နေပြီး လူကလည်း သတိလစ်သလို ဖြစ်နေတာကြောင့် လမ်းသွားလမ်းလာတွေက စိုးရိမ်ပြီး ရဲနဲ့ ကယ်ဆယ်ရေးကို အကြောင်းကြားခဲ့ရပါတယ်။ရဲတွေ ရောက်လာပြီး မှန်ခေါက်နှိုးမှ နိုးလာတဲ့ အဆိုပါလူငယ်က သူဘာကြောင့် ဒီလောက်ထိ အိပ်မောကျသွားရလဲဆိုတာကို အခုလို ဝန်ခံခဲ့ပါတယ် -

"​သူဟာ ကရတုံရည်ခေါ် (ဘိန်းစာရွက်ပြုတ်ရည်) ရောင်းတဲ့သူဖြစ်ပြီး လွန်ခဲ့တဲ့ ၃ ရက် ၄ ရက်အတွင်း အရောင်းသွက်လို့ မအိပ်မနေ ပြုတ်ရောင်းခဲ့ပါတယ်။​အလုပ်လုပ်ရင်း လန်းဆန်းနေအောင် ကရတုံရည်(ဘိန်းစာရွက်ပြုတ်ရည်)ကိုပဲ ကိုယ်တိုင်လည်း ဆက်တိုက်သောက်နေခဲ့တာပါ။

​နောက်ဆုံးမှာတော့ ခန္ဓာကိုယ်က ဒဏ်မခံနိုင်တော့ဘဲ ကားမောင်းနေရင်း လမ်းပိတ်တဲ့အချိန်မှာတင် "ခန္ဓာကိုယ်က Shutdown ဖြစ်ပြီး" အိပ်ပျော်သွားခဲ့တာဖြစ်ပါတယ်။​ကံကောင်းထောက်မစွာနဲ့ ဘယ်သူ့ကိုမှ တိုက်မိတာမျိုး မရှိခဲ့ပါဘူး။ ရဲတပ်ဖွဲ့ကတော့ သူ့ကို အနီးနားက ဆီဆိုင်မှာ မျက်နှာသစ်၊ ခဏနားပြီးမှ ခရီးဆက်ဖို့ အကြံပေးခဲ့ပါတယ်။

"​ကရတုံရည်(ဘိန်းစာရွက်ပြုတ်ရည်)ဟာ အစပိုင်းမှာ လန်းဆန်းသလို ခံစားရစေပေမဲ့ အိပ်ရေးပျက်တာ ကြာလာရင်တော့ ဦးနှောက်နဲ့ ခန္ဓာကိုယ်က ရုတ်တရက် အိပ်ပျော်သွားတတ်ပါတယ်။ "ဒါဟာ ကားမောင်းနေသူတွေအတွက် အင်မတန် အန္တရာယ်များတဲ့ အခြေအနေဖြစ်ပါတယ်။​"ငိုက်ရင် မမောင်းပါနဲ့... ခန္ဓာကိုယ်ကို အတင်းအကျပ် အားမပေးပါနဲ့""သူငယ်ချင်းတို့ရော့ သူ့လိုဖြစ်ဖူးကြလားဗျ။)

ထိုင်းရောက်ရွှေမြန်မာတို့အတွက် ယုံကြည်စိတ်ချရတဲ့ ဂိမ်းဆိုက်မှာဂိမ်းကစားချင်ပါက

Comments