ထိုင်းမှာ ဒီနေ့ ၄၀ ဒီဂရီ စင်တီဂရိတ်အထိ ပူပြင်းနိုင်တယ်လို့ သတိပေး


ထိုင်းမှာ ဒီနေ့ ၄၀ ဒီဂရီ စင်တီဂရိတ်အထိ ပူပြင်းနိုင်တယ်လို့ သတိပေး

ygnygnthyangonm9 slotm9 asiam9 gamesYGNYGNTHslotcasinoSportsport bettingbettingYANGONစလော့တောင်ပေါ်သားgrabAISdtactrue moneyVisapink cardemployment agencyygnslotthYgn thygn slotSlot  

ထိုင်းနိုင်ငံ မိုးလေဝသဦးစီးဌာနရဲ့ ခန့်မှန်းချက်အရ ဘန်ကောက်မြို့နဲ့ အနီးတစ်ဝိုက်မှာ နေ့လယ်ပိုင်း အချိန်တွေမှာ ပူပြင်းတဲ့ ရာသီဥတု ရှိနေမှာ ဖြစ်ပါတယ်။ အပူချိန်အနေနဲ့ အနိမ့်ဆုံး ၂၅ ဒီဂရီ စင်တီဂရိတ်ကနေ အမြင့်ဆုံး ၃၆ ဒီဂရီ စင်တီဂရိတ်အထိ ရှိနိုင်ပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အပူချိန်ဟာ ၄၀ ဒီဂရီ  စင်တီဂရိတ်အထိ ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ 

ဘန်ကောက်မြို့မှာ အပူချိန် မြင့်မားပေမယ့် နေရာကွက်ကျား မိုးသက်လေပြင်း ကျရောက်နိုင်ခြေ ၁၀ ရာခိုင်နှုန်းခန့် ရှိနေပါတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဆိုရင်တော့ နိုင်ငံအထက်ပိုင်းနဲ့ မြောက်ပိုင်း ဒေသတွေမှာ အလွန်ပူပြင်းတဲ့ ရာသီဥတုကို ခံစားရနိုင်ပြီး ပြည်နယ်ပေါင်း ၂၄ ခုမှာ မိုးသက်လေပြင်းတွေ ကျရောက်နိုင်ပါတယ်။ အရှေ့မြောက်ပိုင်းမှာတော့ မိုးရွာသွန်းမှု အများဆုံး ဖြစ်လာနိုင်ပါတယ်။

အဲဒီလို ပူပြင်းတဲ့ ရာသီဥတုနဲ့ မိုးသက်လေပြင်း အန္တရာယ်တွေကြောင့် ဘန်ကောက်မြို့ခံတွေနဲ့ ပြည်သူတွေ အနေနဲ့ ကျန်းမာရေးကို အထူးဂရုစိုက်ကြဖို့ မိုးလေဝသဌာနက သတိပေးထားပါတယ်။ ဒါ့အပြင် ထိုင်းနိုင်ငံ မြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်း ဒေသတွေမှာ လေဝင်လေထွက် အားနည်းတာကြောင့် ဖုန်မှုန့်နဲ့ မီးခိုးငွေ့ စုပုံမှု အခြေအနေတွေဟာ အလယ်အလတ်ကနေ အတော်လေး မြင့်မားတဲ့ အဆင့်မှာ ရှိနေပါတယ်။

နိုင်ငံရဲ့ တောင်ပိုင်းဒေသတွေနဲ့ ပင်လယ်ပြင် အခြေအနေတွေကို ကြည့်ရင်တော့ ကပ္ပလီပင်လယ်ပြင်နဲ့ ထိုင်းပင်လယ်ကွေ့တွေမှာ လှိုင်းအမြင့် ၁ မီတာခန့် ရှိနိုင်ပြီး မိုးရွာသွန်းတဲ့ နေရာတွေမှာ ၁ မီတာထက် ပိုမြင့်နိုင်ပါတယ်။ ဒါကြောင့် အဲဒီနေရာတွေမှာ သွားလာနေကြတဲ့ ရေလုပ်သားတွေ အနေနဲ့ မိုးသက်လေပြင်း ကျရောက်နိုင်တဲ့ ဒေသတွေကို ရှောင်ရှားကြဖို့ သတိပေးထားပါတယ်။

Ref : Khaosod

Previous Post - ဘာမှမဟုတ်တဲ့ အကြောင်းလေးနဲ့ မြန်မာ၁ဦး ငွေ100ကြောင့်- စကားများကြပီး- အ-သ-တ်-ခံလိုက်

ပထုံဌာနီမှာ 20ရက်နေ့ ညနေပိုင်းလောက်က- ၆ဘီးကားနဲ့ ရဲကို တိုက်-သ-တိသွားသူရဲ့ ထွက်ဆိုချက်။

"၂၀၃၃ ခုနှစ်တွင် ဖွင့်လှစ်ရန် ရည်မှန်းထားသည့် SRT အနီရောင်လိုင်း (Red Line) Salaya - Nakhon Pathom ရထားလမ်းပိုင်းသစ် တိုးချဲ့ရေးစီမံကိန်း!"

ထိုင်းရောက်ရွှေမြန်မာတို့အတွက် ယုံကြည်စိတ်ချရတဲ့ ဂိမ်းဆိုက်မှာဂိမ်းကစားချင်ပါက

Comments