ထိုင်းနိုင်ငံကို ဝင်ခွင့် ပိတ်ပင်နိုင်တဲ့ အဓိက အကြောင်းအရင်း (၆) ချက်


 ထိုင်းနိုင်ငံကို ဝင်ခွင့် ပိတ်ပင်နိုင်တဲ့ အဓိက အကြောင်းအရင်း (၆) ချက်

ygnygnthyangonm9 slotm9 asiam9 gamesYGNYGNTHslotcasinoSportsport bettingbettingYANGONစလော့တောင်ပေါ်သားgrabAISdtactrue moneyVisapink cardemployment agencyygnslotthYgn thygn slotSlot  

ထိုင်းနိုင်ငံဟာ ၂၀၂၄ ခုနှစ်ကစပြီး နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုတွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးလာပါတယ်။ အရင်လို လွယ်လွယ်ကူကူ ဝင်လို့မရတော့ဘဲ လဝက (လူဝင်မှုကြီးကြပ်ရေး) အရာရှိတွေက သံသယရှိရင် ပြည်ဝင်ခွင့်ကို ငြင်းပယ်ခွင့် အပြည့်အဝ ရှိပါတယ်။ ဒါကြောင့် ထိုင်းနိုင်ငံကို သွားရောက်လည်ပတ်မယ့် သူတွေအနေနဲ့ လေဆိပ်မှာ ဝင်ခွင့်အပိတ်ခံရပြီး အဖ-မ်းမခံရလေအောင် သိထားသင့်တဲ့ အဓိက အကြောင်းရင်း (၆) ချက်ကို ကောက်နုတ်တင်ပြလိုက်ပါတယ်။

၁။ နိုင်ငံကူးလက်မှတ် (Passport) စံမမီတာ

Passport သက်တမ်း အနည်းဆုံး ၆ လ ကျန်ရပါမယ်။ ရေစိုနေတာ၊ စာမျက်နှာ စုတ်ပြဲတာ၊ အမှတ်တရ တံဆိပ်တုံးတွေ ထုထားတာမျိုး မဖြစ်ရပါဘူး။ ဝင်ခွင့်တံဆိပ်တုံးထုဖို့ စာမျက်နှာလွတ် အနည်းဆုံး တစ်ရွက် ရှိရပါမယ်။

၂။ လက်ငင်းပြစရာ ငွေသား အလုံအလောက် မပါတာ

တစ်ဦးကို ဘတ် ၂၀,၀၀၀ ဒါမှမဟုတ် တစ်မိသားစုကို ဘတ် ၄၀,၀၀၀ (ဒါမှမဟုတ် တန်ဖိုးညီမျှတဲ့ နိုင်ငံခြားငွေ) ကို ငွေသားအဖြစ် အိတ်ကပ်ထဲ သယ်ဆောင်လာရပါမယ်။ ဘဏ်အကောင့်ထဲက ငွေပြတာ၊ ကတ်ပြတာတွေကို လဝကက လက်မခံပါဘူး။

၃။ ဗီဇာကင်းလွတ်ခွင့်နဲ့ အကြိမ်ကြိမ် ဝင်ထွက်နေတာ (Visa Runs)

ကုန်းလမ်း ဒါမှမဟုတ် ရေလမ်းကနေ ဗီဇာကင်းလွတ်ခွင့်နဲ့ ဝင်တာကို တစ်နှစ်မှာ ၂ ကြိမ်ပဲ ခွင့်ပြုပါတယ်။ လေကြောင်းကနေ ဝင်ရင်လည်း တစ်နှစ်အတွင်း ထိုင်းမှာ နေထိုင်တဲ့ရက် စုစုပေါင်း ရက် ၁၅၀ ကနေ ၁၈၀ ဝန်းကျင်ရှိလာရင် စစ်ဆေးမေးမြန်းခံရဖို့ သေချာသလောက်ပါပဲ။

၄။ အပြန်လက်မှတ် ဒါမှမဟုတ် ခရီးဆက်မယ့် လက်မှတ် မရှိတာ

ထိုင်းနိုင်ငံကနေ ပြန်လည်ထွက်ခွာမယ့် ခိုင်လုံတဲ့ လေယာဉ်လက်မှတ် (အသွားအပြန်) မပြနိုင်ရင် လေယာဉ်ပေါ် မတက်ခင်ကတည်းက အတားခံရနိုင်သလို၊ လဝက ဖြတ်ချိန်မှာလည်း ဝင်ခွင့် ငြင်းပယ်ခံရနိုင်ပါတယ်။

၅။ တားမြစ်ပစ္စည်းတွေ သယ်ဆောင်လာတာ

E-cigarettes နဲ့ Vape တွေဟာ ထိုင်းမှာ လုံးဝ တရားမဝင်ပါဘူး။ မိသွားရင် ငွေဒဏ်အကြီးအကျယ် တပ်ခံရပြီး ထောင်ဒဏ်ပါ ကျနိုင်ပါတယ်။ ၂၀၂၅-၂၀၂၆ မှာ ဆေးခြောက်ကိုလည်း အပျော်အပါးသုံးစွဲခွင့် ပြန်လည်ပိတ်ပင်လိုက်ပြီဖြစ်လို့ သယ်လာရင် ဖ-မ်းဆီးခံရပါမယ်။ ခွင့်ပြုချက်မရှိတဲ့ ဆေးဝါးတွေလည်း မသယ်ရပါဘူး။

၆။ ယခင် ခရီးသွားရာဇဝင်မှာ သံသယဖြစ်စရာတွေ ရှိနေတာ

အရင်က ဗီဇာသက်တမ်းကျော်လွန် နေထိုင်ခဲ့ဖူးတာ (Overstay)၊ လဝက အရာရှိရဲ့ မေးခွန်းတွေကို ရေရေရာရာ မဖြေနိုင်တာ နဲ့ ရာဇဝတ်မှု မှတ်တမ်းရှိတာတွေဆိုရင် ပြည်ဝင်ခွင့် ချက်ချင်း ငြင်းပယ်ခံရပါမယ်။

Previous Post - ငယ်ငယ်ကလို တစ်ယောက်နဲ့တစ်ယောက် ရေသေနတ်တွေနဲ့ ပစ်ရင်း ပျော်ပျော်ပါးပါးနှစ်သစ်ကူးချင်တဲ့သူတိုင်းရောက်အောင်သွားသင့်တဲ့ ခေါက်ဆန် Songkran🔫💦

ထိုင်းနိုင်ငံမှာ ကျောင်းဆရာလုပ်ဖို့ ဘယ်လိုလုပ်ရမလဲ? လစာဘယ်လောက်ရမလဲနဲ့ ဘာစာရွက်စာတမ်းတွေ လိုအပ်မလဲ?

ထိုင်းမှာ ဆီဈေးတက်လို့ အခြေခံကုန်ဈေးနှုန်းတွေ မြင့်တက်လာ

ထိုင်းရောက်ရွှေမြန်မာတို့အတွက် ယုံကြည်စိတ်ချရတဲ့ ဂိမ်းဆိုက်မှာဂိမ်းကစားချင်ပါက

Comments