El Nino ကြောင့် ထိုင်းဆန်ဈေးကွက်နှင့် စိုက်ပျိုးရေးအခြေအနေ သုံးသပ်ချက်
ygn, ygnth, yangon, m9 slot, m9 asia, m9 games, YGN, YGNTH, slot, casino, Sport, sport betting, betting, YANGON, စလော့, တောင်ပေါ်သား, grab, AIS, dtac, true money, Visa, pink card, employment agency, ygnslotth, Ygn th, ygn slot, Slot
ထိုင်းမိုးလေဝသဌာန၏ ခန့်မှန်းချက်အရ ၂၀၂၆ ခုနှစ် မေလမှ ဇူလိုင်လအတွင်း အယ်လ်နီညိုဖြစ်ပေါ်ရန် ၆၁% သေချာနေပြီး ယင်းအခြေအနေသည် နှစ်ကုန်ပိုင်းအထိ ဆက်လက်ရှိနေနိုင်ကြောင်း သိရပါတယ်။
၂၀၂၆ ခုနှစ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မိုးရေချိန်သည် ပုံမှန်ထက် လျော့နည်းမည်ဖြစ်ပြီး အပူချိန်မှာမူ အနည်းငယ် ပိုမြင့်လာနိုင်ပါတယ်။
အထူးသဖြင့် အရှေ့မြောက်ပိုင်း (Isan) နှင့် တောင်ပိုင်းဒေသအချို့တွင် မိုးနည်းပါးမှုဒဏ်ကို ပိုမိုခံရနိုင်ပါတယ်။ စိုက်ပျိုးရေးစီးပွားရေးရုံး (OAE) ၏ ခန့်မှန်းချက်အရ ၂၀၂၅/၂၆ ခုနှစ် ဆန်စပါးထွက်ရှိမှုမှာ တန်ချိန် ၃၅.၄၄ သန်းခန့် ရှိမည်ဖြစ်ပြီး၊ မိုးစပါးထွက်နှုန်း ၀.၃၂% နှင့် နွေစပါးထွက်နှုန်း ၁.၆၃% အသီးသီး လျော့ကျနိုင်ဖွယ် ရှိပါတယ်။
မေလမှ ဩဂုတ်လအတွင်း ဆည်မြောင်းဧရိယာပြင်ပရှိ စိုက်ပျိုးမြေများတွင် ရေရှားပါးမှုပြဿနာကို ပြင်းပြင်းထန်ထန် ရင်ဆိုင်ရနိုင်ပါတယ်။မိုးခေါင်ရေရှားမှု စိုးရိမ်ချက်များကြောင့် ဆန်တင်သွင်းသည့် နိုင်ငံများက ဝယ်လိုအား မြှင့်တင်လာကြပါတယ်။အယ်လ်နီညိုကြောင့် ဆန်ရိက္ခာစုဆောင်းမှုကို ၃ လစာမှ ၉ လစာအထိ တိုးမြှင့်လိုက်သဖြင့် ဆန်အမြောက်အမြား ဝယ်ယူရန် ရှိနေပါတယ်။
ယခုနှစ်တွင် ဆန်တန်ချိန် ၆.၅ သန်းအထိ တင်သွင်းရန် ခန့်မှန်းထားပြီး ယခင်နှစ်ထက် နှစ်ဆနီးပါး ပိုမိုဝယ်ယူလာနိုင်ဖွယ် ရှိပါတယ်။အိန္ဒိယတွင် အယ်လ်နီညိုကြောင့် ဆန်ထွက်နှုန်း ထိခိုက်ပြီး ပြည်ပပို့ကုန်များကို ကန့်သတ်လိုက်ပါက ထိုင်းဆန်အတွက် ဈေးကွက်ဝေစု ပိုမိုရရှိလာနိုင်ပါတယ်။လက်ရှိတွင် ဝယ်လိုအား မြင့်တက်လာမှုကြောင့် ထိုင်းဆန် (5% broken rice) ဈေးနှုန်းမှာ တစ်တန်လျှင် ၄၀၈ ဒေါ်လာ ဝန်းကျင်အထိ မြင့်တက်လာနေပါတယ်။
Previous Post - ထိုင်းနိုင်ငံစမွတ်ပရာကန်တွင် EV အားသွင်းစခန်း မီးလောင်မှုဖြစ်ပွား - ကားတစ်စီး မီးကူးစက်ခံရ
ထိုင်းနိုင်ငံ၊ နတ်ဟုံပထုံ နိုက်ကလပ်အပြင်ဘက်တွင် ကျေးရွာလူကြီးက ဝက်သတ်ရုံပိုင်ရှင်ကို ပစ်သတ်
ထိုင်းရောက်ရွှေမြန်မာတို့အတွက် ယုံကြည်စိတ်ချရတဲ့ ဂိမ်းဆိုက်မှာဂိမ်းကစားချင်ပါက
Comments
Post a Comment