❝ဆပ်ပြာ အကြွင်းအကျန်တွေကနေ ဆပ်ပြာပြန်လုပ်နေတဲ့ ဘန်ကောက်က စက်ရုံ ဖမ်းခံရ❞
ygn, ygnth, yangon, m9 slot, m9 asia, m9 games, YGN, YGNTH, slot, casino, Sport, sport betting, betting, YANGON, စလော့, တောင်ပေါ်သား, grab, AIS, dtac, true money, Visa, pink card, employment agency, ygnslotth, Ygn th, ygn slot, Slot
ထိုင်းနိုင်ငံ ဘန်ကောက်မြို့က တရားမဝင် ဆပ်ပြာထုတ်လုပ်နေတဲ့ နေရာတစ်ခုကို စားသုံးသူကာကွယ်ရေး ရဲတပ်ဖွဲ့ (CIB) က ဝင်ရောက်စီးနင်းခဲ့ပါတယ်။ အွန်လိုင်းကနေ ဝယ်သုံးတဲ့ ဆပ်ပြာတွေကြောင့် အရေပြားဓာတ်မတည့်တာနဲ့ တခြားကျန်းမာရေးပြဿနာတွေ ဖြစ်ရတယ်ဆိုပြီး စားသုံးသူတွေက တိုင်ကြားခဲ့ကြလို့ ဖြစ်ပါတယ်။
.
ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးပြီး Bang Khae ခရိုင်ထဲက နေအိမ်တစ်လုံးကို ဝင်ရောက်စီးနင်းခဲ့ရာမှာ အသက် ၄၅ နှစ်အရွယ် ထိုင်း (Nongnart) ကို ဖမ်းဆီးရမိခဲ့ပါတယ်။ သူဟာ ဆပ်ပြာထုတ်လုပ်ခွင့်လိုင်စင်ရော၊ တရားဝင်အထောက်အထား ဘာတစ်ခုမှ မရှိဘဲနဲ့ အိမ်မှာ ဆပ်ပြာတွေ တရားမဝင် ထုတ်လုပ်ပြီး အွန်လိုင်း ပလက်ဖောင်းတွေကနေ ဈေးအပေါဆုံးနဲ့ ပြန်လည်ရောင်းချနေတာပါတဲ့။
.ဆပ်ပြာတွေကို ကြော်ငြာရာမှာလည်း "သဘာဝဆေးဖက်ဝင်အပင် ၁၀၀ ရာခိုင်နှုန်းနဲ့ လုပ်ထားတာ"၊ "ပိုးမွှားတွေကို သေစေနိုင်တယ်"၊ "အသားအရေ အဆီပြန်တာ၊ ဝက်ခြံ၊ တင်းတိပ်နဲ့ အမည်းစက်တွေကို ပျောက်ကင်းစေတယ်" ဆိုပြီး အလွန်အကျွံ လိမ်လည်ကြော်ငြာခဲ့ပါတယ်။ သူမ ဝန်ခံချက်အရ... အစပိုင်းကတော့ တခြားစက်ရုံက ဆပ်ပြာတွေကို လက်ကားဝယ်ပြီး အွန်လိုင်းမှာ ပြန်ရောင်းခဲ့တာပါ။ ဒါပေမဲ့ နောက်ပိုင်းမှာ ရောင်းအားတက်လာပြီး ကုန်ကျစရိတ်တွေ များလာတာကြောင့် YouTube ဗီဒီယိုတွေကနေ ဆပ်ပြာလုပ်နည်းကို ကိုယ်တိုင်လေ့လာခဲ့တယ်လို့ ဆိုပါတယ်။
.
အဆိုးဆုံးကတော့ သူမဟာ ဘန်ကောက်နဲ့ အနီးတစ်ဝိုက်က ဆပ်ပြာစက်ရုံကြီးတွေဆီကနေ လွှင့်ပစ်တဲ့ ဆပ်ပြာအကြွင်းအကျန် အပိုင်းအစတွေကို တစ်ကီလိုဂရမ်ကို ဘတ် ၃၀ ကနေ ၄၀ ကြားနဲ့ လိုက်ဝယ်ပါတယ်။ ပြီးရင် အဲဒီအကြွင်းအကျန်တွေကို ပြန်ချက်၊ အမွှေးနံ့သာ ၁၂ မျိုးလောက်ထည့်ပြီး ဆပ်ပြာခဲအသစ်တွေအဖြစ် ပြန်လုပ်တာပါ။ ရောင်းတဲ့အခါမှာတော့ တစ်ခဲကို ၄ ဘတ်ကနေ ၁၀ ဘတ်အထိ ဈေးပေါပေါနဲ့ ရောင်းပါတယ်။ ဆပ်ပြာရည်ဆိုရင်တော့ အဲဒီဆပ်ပြာအကြွင်းအကျန်တွေကို ဆားရည်၊ အမွှေးနံ့သာတွေနဲ့ ရောပြီး ပုလင်းထဲထည့် ရောင်းတာဖြစ်ပါတယ်။
.ဒီတရားမဝင်စက်ရုံဟာ တစ်ရက်ကို ဆပ်ပြာခဲ အလုံး ၁,၀၀၀ လောက်အထိ ထုတ်လုပ်နိုင်ပြီး နေ့တိုင်း အော်ဒါ ၈၀၀ ကနေ ၉၀၀ ကြား ရနေတာပါ။ ပြီးခဲ့တဲ့နှစ်ကစလို့ ဒီလုပ်ငန်းကနေ တစ်လကို ဘတ် ၅ သောင်းခွဲနီးပါး ဝင်ငွေရနေခဲ့တာ ဖြစ်ပါတယ်။
.
လက်ရှိမှာတော့ ရဲတပ်ဖွဲ့က အလှကုန်ပစ္စည်းများဆိုင်ရာ အတုအပ ထုတ်လုပ်မှု၊ လိုင်စင်မဲ့ ထုတ်လုပ်ရောင်းချမှုတွေနဲ့ အမှုဖွင့်ထားပါတယ်။ ဒါ့အပြင် သိမ်းဆည်းရမိတဲ့ ဆပ်ပြာတွေကို ဓာတ်ခွဲခန်း ပို့ထားပြီး အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းတွေ ထပ်တွေ့ရင်တော့ နောက်ထပ် ပြစ်ဒဏ်တွေ တိုးဦးမယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ အိမ်မှာသုံးနေတဲ့ ဆပ်ပြာက ကောင်း၊ မကောင်း သေချာစစ်ကြဦး။
Previous Post - ❝လေဆိပ်က တံခါးကို စိတ်မရှည်ဘဲ ကန်တဲ့ တရုတ်ဖမ်းခံရ❞
❝ခင်ပွန်းရဲ့ ဒုတိယ မင်္ဂလာပွဲကို မယားကြီးကိုယ်တိုင် စီစဥ်ပေးတဲ့ဖြစ်ရပ်❞
❝အကြီးဆုံး ဒိုင်နိုဆောမျိုးစိတ်သစ် ထိုင်းမှာ ရှာဖွေတွေ့ရှိ❞
ထိုင်းရောက်ရွှေမြန်မာတို့အတွက် ယုံကြည်စိတ်ချရတဲ့ ဂိမ်းဆိုက်မှာဂိမ်းကစားချင်ပါက
Comments
Post a Comment