လိုင်စင်ပြားအတု အသုံးပြုပြီး ချင်းမိုင်ကနေ လူမှောင်ခိုသယ်လာတဲ့ကား လော့ဘူရီမှာ ဖမ်းဆီးခံရမြန်မာ ၁၄ ဦး အဖမ်းခံရ
လိုင်စင်ပြားအတု အသုံးပြုပြီး ချင်းမိုင်ကနေ လူမှောင်ခိုသယ်လာတဲ့ကား လော့ဘူရီမှာ ဖမ်းဆီးခံရမြန်မာ ၁၄ ဦး အဖမ်းခံရ
ygn, ygnth, yangon, m9 slot, m9 asia, m9 games, YGN, YGNTH, slot, casino, Sport, sport betting, betting, YANGON, စလော့, တောင်ပေါ်သား, grab, AIS, dtac, true money, Visa, pink card, employment agency, ygnslotth, Ygn th, ygn slot, Slot
လော့ဘူရီခရိုင်အတွင်း အထောက်အထားမဲ့ မြန်မာလုပ်သား ၁၄ ဦး တင်ဆောင်လာတဲ့ ပစ်ကပ်ကားတစ်စီးကို အဝေးပြေးရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
ဖမ်းဆီးခံရသူတွေထဲမှာ အသက် ၄၆ နှစ်အရွယ် ထိုင်းလူမျိုး ကားမောင်းသူတစ်ဦးလည်း ပါဝင်ပြီး သူတို့ဟာ နောင်မောင်းမြို့နယ်၊ ဒုံဒင်ဒန်းလမ်းပိုင်းမှာ စစ်ဆေးခံရစဉ် အဖမ်းခံရတာပါ။
အဆိုပါကားကို ရှာဖွေရာမှာ ဖမ်းဆီးမှုကို ရှောင်တိမ်းဖို့အတွက် အလှည့်ကျလဲလှယ်အသုံးပြုတဲ့ လိုင်စင်ပြားအတု အများအပြားကိုလည်း ကားထဲမှာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ကားမောင်းသူရဲ့ ဝန်ခံချက်အရ ဒီလုပ်သားတွေကို ချင်းမိုင်မြို့ကနေ လာရောက်ခေါ်ဆောင်တာဖြစ်ပြီး လော့ဘူရီကို ပို့ဆောင်ပေးဖို့ တစ်ခေါက်ကို အခကြေးငွေ ဘတ် ၁,၅၀၀ ရရှိတယ်လို့ သိရပါတယ်။ ဒီလိုပို့ဆောင်ပေးတာ အကြိမ်ကြိမ်ရှိနေပြီလို့လည်း ဝန်ခံထားပါတယ်။
အဆိုပါ မြန်မာလုပ်သားတွေဟာ တာ့ခ်ခရိုင်၊ မဲဆောက်ဘက်ကနေ သဘာဝလမ်းကြောင်းအတိုင်း တရားမဝင် ဝင်လာကြတာဖြစ်ပြီး ထိုင်းနိုင်ငံအတွင်းပိုင်းကို ဆက်လက်ဝင်ရောက်ဖို့ ကြိုးစားခဲ့ကြတာပါ။ သူတို့ဆီမှာ ပတ်စပို့ ဒါမှမဟုတ် တရားဝင် နေထိုင်ခွင့် အထောက်အထား စာရွက်စာတမ်း တစ်စုံတစ်ရာ မရှိကြပါဘူး။လက်ရှိမှာတော့ အဝေးပြေးရဲတပ်ဖွဲ့က ဖမ်းဆီးရမိသူ အားလုံးကို သက်ဆိုင်ရာနယ်မြေရဲစခန်းကို လွှဲပြောင်းပေးထားပြီး ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
Previous Post - ထိုင်းနိုင်ငံ၊ ရယောင်တွင် မြန်မာလုပ်သားတစ်ဦးကို တရုတ်ကြီးကြပ်ရေးမှူး ၆ ဦးက ရေနွေးပူဖြင့်လောင်း၍ နှိပ်စက်
တောင်ကိုရီးယားတွင် လူသားပုံစံတူ Robot ကို ဗုဒ္ဓဘာသာဝင်အဖြစ် ချီးမြှောက်
ပတ္တရားတွင် သြစတြေးလျခရီးသွားကို တိုက်ခိုက်လုယက်သည့် ဆယ်ကျော်သက် ၂ ဦး အဖမ်းခံရ
ထိုင်းရောက်ရွှေမြန်မာတို့အတွက် ယုံကြည်စိတ်ချရတဲ့ ဂိမ်းဆိုက်မှာဂိမ်းကစားချင်ပါက
Comments
Post a Comment