"ထရက် (Trat) ပြည်နယ်တွင် တရားမဝင် ဒီဇယ်ဆီသုံးစွဲသည့် တံငါသည်တစ်ဦး ဘတ် ၁၄၀,၀၀၀ ကျော် ဒဏ်ရိုက်ခံရ!"

 


"ထရက် (Trat) ပြည်နယ်တွင် တရားမဝင် ဒီဇယ်ဆီသုံးစွဲသည့် တံငါသည်တစ်ဦး ဘတ် ၁၄၀,၀၀၀ ကျော် ဒဏ်ရိုက်ခံရ!" 

ygnygnthyangonm9 slotm9 asiam9 gamesYGNYGNTHslotcasinoSportsport bettingbettingYANGONစလော့တောင်ပေါ်သားgrabAISdtactrue moneyVisapink cardemployment agencyygnslotthYgn thygn slotSlot

ထိုင်းနိုင်ငံ၊ ထရက် (Trat) ပြည်နယ်၊ ခလွန်ယိုင် (Khlong Yai) ခရိုင်ရှိ ဆိပ်ခံတံတားတစ်ခုတွင် ဧပြီလ ၁၇ ရက်နေ့ နံနက်အစောပိုင်းက အခွန်မဆောင်ရသေးသော တရားမဝင် ဒီဇယ်ဆီ လီတာ (၃,၈၀၀) ကို ငါးဖမ်းလှေတစ်စင်းပေါ်မှ အကောက်ခွန်အရာရှိများနှင့် ရေကြောင်းရဲတပ်ဖွဲ့ဝင်များက ရှာဖွေသိမ်းဆည်းနိုင်ခဲ့ပါတယ်။

ဖြစ်စဉ်အသေးစိတ်

သတင်းပေးချက်အရ နံနက် ၁ နာရီခန့်တွင် ပေါ်ကာဆမ်စီရီ (Por Kasem Siriphan) ဆိပ်ခံတံတားရှိ ငါးဖမ်းလှေကို ဝင်ရောက်စစ်ဆေးရာ၊ လှေအတွင်းမှ ဆီပီပါ ၁၉ လုံး (တစ်လုံးလျှင် လီတာ ၂၀၀ ဆံ့) ဖြင့် သိုလှောင်ထားသော တရားမဝင် ဒီဇယ်ဆီများကို တွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။

လှေပိုင်ရှင်ဖြစ်သူ အသက် (၆၂) နှစ်အရွယ် 'ဆူရာချိုင်း' (Surachai) က အဆိုပါဆီများကို ပင်လယ်ပြင်ရှိ သင်္ဘောကြီးတစ်စင်းထံမှ အခွန်စာရွက်စာတမ်းမပါဘဲ တစ်လီတာလျှင် ဘတ် ၂၈ မှ ၃၀ နှုန်းဖြင့် ဝယ်ယူခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။

ရဲတပ်ဖွဲ့က ၂၀၁၇ ခုနှစ် ယစ်မျိုးခွန်ဥပဒေအရ အခွန်မဆောင်သော ကုန်ပစ္စည်းပိုင်ဆိုင်မှုဖြင့် အမှုဖွင့်ခဲ့ပါတယ်။ ယစ်မျိုးခွန်မှာ တစ်လီတာလျှင် ဘတ် ၇.၄၄ ဖြစ်ပြီး၊ အခွန်ပမာဏ၏ (၅) ဆကို ဒဏ်ကြေးအဖြစ် ပေးဆောင်ရမည်ဖြစ်ပါတယ်။ ထို့ကြောင့် ပေးဆောင်ရန်ပျက်ကွက်သော အခွန်ငွေ ဘတ် ၂၈,၂၇၂ နှင့် ဒဏ်ကြေးငွေ ဘတ် ၁၄၁,၃၆၀ ကို ၎င်းက ပေးဆောင်ရန် သဘောတူခဲ့ပါတယ်။

အခွန်နှင့် ဒဏ်ကြေးများ ပေါင်းထည့်လိုက်သောအခါ ဆီတစ်လီတာ၏ ကုန်ကျစရိတ်မှာ ဘတ် ၆၅.၂ အထိ မြင့်တက်သွားပြီး ပုံမှန်ဆီဆိုင်ပေါက်ဈေးထက်ပင် ပိုများသွားခဲ့ပါတယ်။ (ဖမ်းဆီးမခံရပါက ဈေးကွက်ပေါက်ဈေးထက် ၅၀% ခန့် သက်သာမည်ဖြစ်ပါတယ်။) ဒဏ်ကြေးပေးဆောင်ပြီးနောက် စည်းမျဉ်းနှင့်အညီ အခွန်ဆောင်ပြီးဖြစ်သဖြင့် အဆိုပါ ဒီဇယ်ဆီများကို ဆက်လက်အသုံးပြုခွင့် ပေးခဲ့ပါတယ်။

[ထိုင်းနိုင်ငံမှာ လာရောက်အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားများအတွက် Migrants Care ၏ သတိပေးအကြံပြုချက်]

ဒီသတင်းစဉ်ကို လေ့လာကြည့်ရင် ဈေးသက်သာလို့ဆိုပြီး အခွန်မဆောင်ထားတဲ့ တရားမဝင် ပစ္စည်းတွေကို ဝယ်ယူသုံးစွဲမိရင် ဖမ်းဆီးခံရတဲ့အခါ မူလတန်ဖိုးထက် အဆပေါင်းများစွာ ပိုမိုများပြားတဲ့ ဒဏ်ကြေးတွေ ပေးဆောင်ရတတ်တယ်ဆိုတာကို သတိပြုမိမှာပါ။ အနည်းငယ် သက်သာဖို့ ကြိုးစားရင်း ရှိသမျှငွေတွေ ဆုံးရှုံးသွားနိုင်ပါတယ်။

ဒါကြောင့် ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ညီအစ်ကိုမောင်နှမတွေအနေနဲ့ အထူးသတိထား ဆင်ခြင်ကြဖို့ အကြံပြုချင်ပါတယ်။ တရားမဝင် မှောင်ခိုသွင်းလာတဲ့ လောင်စာဆီတွေ၊ အရက်၊ ဘီယာ၊ ဆေးလိပ် စတဲ့ အခွန်မဲ့ ကုန်ပစ္စည်းတွေကို ဈေးပေါလို့ဆိုပြီး ဝယ်ယူသုံးစွဲတာ၊ ပြန်လည်ရောင်းချတာမျိုး လုံးဝ (လုံးဝ) မလုပ်ပါနဲ့။

တရားမဝင်ပစ္စည်းတွေ လက်ဝယ်တွေ့ရှိရင် ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးအရေးယူမှုနဲ့ ငွေညှစ်တောင်းခံမှုတွေကို အလွယ်တကူ ခံရနိုင်တာမို့၊ တရားဝင် အခွန်ဆောင်ပြီးသား ပစ္စည်းတွေကိုသာ သုံးစွဲကြဖို့ အထူးသတိပေး တိုက်တွန်းလိုက်ရပါတယ်။

Previous Post  - "ခေါင်ဆန်လမ်း (Khaosan Road) အနီးရှိ အများသုံးရေချိုးခန်းတွင် ၁၅ နှစ်အရွယ် မိန်းကလေးငယ်ကို မုဒိမ်းကျင့်ခဲ့သည့် စစ်သားတစ်ဦး ဖမ်းဆီးခံရ!"

မြေကြီးနဲ့ရေတွေမှာရှိတဲ့ရောဂါပိုးကြောင့် လက်ရှိထိုင်းမှာ 732 ကူးစက်ခံရ၊ 23 ဦးဆုံ*းသွား

ထိုင်းမှာ တိတ်ဆိတ်နေတဲ့အမှုကြောင့် ဒဏ်ရာအပြည့်နဲ့ ကောင်မလေး

ဘောလုံးသတင်းများဖတ်ရန်

ထိုင်းရောက်ရွှေမြန်မာတို့အတွက် ယုံကြည်စိတ်ချရတဲ့ ဂိမ်းဆိုက်မှာဂိမ်းကစားချင်ပါက

Comments