❝အိန္ဒိယတစ်ယောက်ဆီက ရွှေဆွဲကြိုးကို ခိုးဖြုတ်သွားတဲ့ ပတ္တရားက လေဒီဘွိုင်းများ❞

 


❝အိန္ဒိယတစ်ယောက်ဆီက ရွှေဆွဲကြိုးကို ခိုးဖြုတ်သွားတဲ့ ပတ္တရားက လေဒီဘွိုင်းများ❞

ygnygnthyangonm9 slotm9 asiam9 gamesYGNYGNTHslotcasinoSportsport bettingbettingYANGONစလော့တောင်ပေါ်သားgrabAISdtactrue moneyVisapink cardemployment agencyygnslotthYgn thygn slotSlot 

ဧပြီလ ၂၆ ရက်၊ ၂၀၂၆ ခုနှစ် မနက်အစောပိုင်း ၁ နာရီခွဲလောက်မှာ Rishav Singh ဆိုတဲ့ အသက် ၃၆ နှစ်အရွယ် အိန္ဒိယအမျိုးသားတစ်ယောက်က ပတ္တရားရဲစခန်းကို ဆွဲကြိုးပျောက်လို့ အမှုဖွင့်လာတိုင်ကြားခဲ့ပါတယ်။�

.သူပြောပြတာကတော့... သူဟာ ပတ္တရားကို ၅ ရက်ကြာ အလည်အပတ်ရောက်နေတာဖြစ်ပြီး၊ ဖြစ်တဲ့နေ့က Walking Street ဘက်မှာ လည်ပတ်ပြီး  ကမ်းခြေလမ်းအတိုင်း သူ့ဟိုတယ်ကို လမ်းလျှောက်ပြန်လာခဲ့တာပါ။ 

.အဲဒီမှာ ကမ်းခြေဘက်က ကုန်တိုက်ကြီးတစ်ခုရှေ့ အရောက်မှာ  လေဒီဘွိုင်း နှစ်ယောက်က သူ့ဆီကို လာနှုတ်ဆက်ပြီး ရင်းရင်းနှီးနှီးနဲ့ ဖက်လိုက်တာမျိုးတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

.အဲဒီအချိန်မှာ သူက သံသယဖြစ်လို့ အတင်းတွန်းထုတ်ပြီး လွတ်အောင်ရုန်းခဲ့ပါတယ်။ ဒါပေမဲ့ ဟိုတယ်ကို ပြန်ရောက်မှ ကြည့်လိုက်တော့ သူ့လည်ပင်းက ရွှေဆွဲကြိုးကြီး ပါမလာတော့ဘူးဆိုတာ သိလိုက်ရတာပါ။ အဲဒီရွှေဆွဲကြိုးဟာ အိန္ဒိယရူပီး ၃ သိန်းကျော် (ထိုင်းဘတ် ၁ သိန်းခန့်) တန်ဖိုးရှိတယ်လို့ သိရပါတယ်။

.အခုတော့ ရဲတပ်ဖွဲ့က တိုင်ချက်ဖွင့်ပေးထားပြီး၊ ဖြစ်ပွားရာနေရာက CCTV မှတ်တမ်းတွေကို ပြန်စစ်နေပါတယ်။ နောက်ပြီး ဒီလိုမျိုး အရင်က ပြစ်မှုကျူးလွန်ဖူးတဲ့သူတွေရဲ့ မှတ်တမ်းတွေနဲ့လည်း တိုက်ဆိုင်စစ်ဆေးနေပြီး၊ တရားခံကို အမြန်ဆုံးဖမ်းဆီးနိုင်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။အခန်းထဲထိတောင် ပါစရာမလို လမ်းမှာတင် ခံလိုက်ရသူတစ်ဦးပေါ့။

Previous Post  -  ❝Udon Thani မှာ လေမုန်တိုင်းတိုက်လို့ လူသေဆုံးမှုရှိ၊ အိမ်ခြေ ၄၀ ကျော်ပျက်စီး❞

ဆီအုံးခြံအလုပ်သမား 4ဦး ရေတွင်းထဲ သန့်ရှင်းရေး ဝင်လုပ်ရင်း အောက်ဆီဂျင်ပြတ်ပီး ဆုံးသွား

တခါမှားဖူးရင် တသက်လုံး မှားမှာပဲဆိုပီး၊ရွာသူကြီးက ပရောနီအကောင် အုံကြီး4အုံကို လွတ်လိုက်ပီး အရှင်လတ်လတ် ကိုက်ခိုင်း ဒဏ်ပေး

ဘောလုံးသတင်းများဖတ်ရန်

ထိုင်းရောက်ရွှေမြန်မာတို့အတွက် ယုံကြည်စိတ်ချရတဲ့ ဂိမ်းဆိုက်မှာဂိမ်းကစားချင်ပါက

Comments