❝ပတ္တရားမှာ ဒုတိယကမ္ဘာစစ်အကြောင်းပြောပြီး ဂျာမန်တစ်ယောက်ကို ဗြိတိန်တွေက ဝိုင်းထိုး❞

 


❝ပတ္တရားမှာ ဒုတိယကမ္ဘာစစ်အကြောင်းပြောပြီး ဂျာမန်တစ်ယောက်ကို ဗြိတိန်တွေက ဝိုင်းထိုး❞

ygnygnthyangonm9 slotm9 asiam9 gamesYGNYGNTHslotcasinoSportsport bettingbettingYANGONစလော့တောင်ပေါ်သားgrabAISdtactrue moneyVisapink cardemployment agencyygnslotthYgn thygn slotSlot

ထိုင်းနိုင်ငံ ပတ္တရားက ဘားတစ်ခုမှာ မနေ့က မနက်အစောကြီး ၂ နာရီလောက်မှာ ဗြိတိန်ကမ္ဘာလှည့်ခရီးသည် နှစ်ယောက်က ဂျာမန်အမျိုးသားတစ်ယောက်ကို ဝိုင်းပြီးထိုးကြိတ်ခဲ့တဲ့ ဖြစ်ရပ်တစ်ခု ဖြစ်သွားပါတယ်။

.ဖြစ်ပုံကတော့... အဲဒီဗြိတိန်သားနှစ်ယောက်ဟာ ဘားထဲမှာ သောက်နေရင်းနဲ့ အမူအရာတွေက ကြောင်တောင်တောင် ဖြစ်နေတာကို ဂျာမန်အမျိုးသားက သူတို့နားကို သွားစကားပြောတဲ့အခါမှာတော့ အဲဒီဗြိတိန်သားနှစ်ယောက်က ဒုတိယကမ္ဘာစစ်တုန်းက ကိစ္စတွေကို ထုတ်ပြောပြီး ရန်စလာပါတော့တယ်။

.ဂျာမန်အမျိုးသားရဲ့ ချစ်သူက ပြောပြတာကတော့ "သူတို့တွေက တမင်သက်သက် ရန်စတဲ့ပုံစံမျိုးနဲ့ ပြုံးပြပြီး ဒုတိယကမ္ဘာစစ်က အကြောင်းတွေကို ပြောပြီး စော်ကားတာ" ပါတဲ့။ အခြေအနေ မကောင်းတာနဲ့ ချစ်သူကို ဘားအပြင်ဘက်ဆွဲထုတ်သွားတဲ့အချိန်မှာ ဗြိတိန်သားတစ်ယောက်က အနောက်ကနေ ပြေးလိုက်လာပြီး ဂျာမန်အမျိုးသားကို မျက်နှာကို လက်သီးနဲ့ လှမ်းထိုးလိုက်ပါတယ်။

.အပြင်ရောက်တော့လည်း အေးအေးဆေးဆေး မပြီးဘဲ ဗြိတိန်သားတွေက ပစ္စည်းတွေနဲ့ ပစ်ပေါက်တာ၊ တံတွေးနဲ့ ထွေးတာတွေအပြင် လမ်းပေါ်မှာ လဲနေတဲ့ ဂျာမန်အမျိုးသားကို ဝိုင်းပြီး ကန်ကြ၊ ရိုက်ကြပါသေးတယ်။ နောက်ဆုံးကျမှ ဘားက ဝန်ထမ်းတွေနဲ့ ဆိုင်ကယ်ကယ်ရီသမားတွေ ဝိုင်းတားလို့ ပွဲပြီးသွားခဲ့တာပါ။

.အထိုးခံရတဲ့ ဂျာမန်အမျိုးသားဟာ နှလုံးကြီးရောဂါနဲ့ အဆုတ်ရောဂါ အခံရှိတဲ့သူ ဖြစ်နေတာပါ။ ရဲတွေ ရောက်လာတဲ့အချိန်မှာတော့ အဲဒီ ဗြိတိန်သားနှစ်ယောက်က ထွက်ပြေး လွတ်မြောက်သွားပါပြီ။ ရဲတွေကတော့ ဒီကိစ္စကို စုံစမ်းစစ်ဆေးမှုတွေ ဆက်လုပ်နေတယ်လို့ သိရပါတယ်။

Previous Post  - "နိုင်ငံခြားသားများအတွက် မွေးစာရင်းအတုပြုလုပ်ပေးပြီး လာဘ်စားနေသည့် ထိုင်းအစိုးရအရာရှိများနှင့် ပွဲစားဂိုဏ်းကို ဖော်ထုတ်စစ်ဆေး!"

"ဖူးခက် (Phuket) ရှိ ဟိုတယ်ဝန်ထမ်းတစ်ဦးကို ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သည့် သြစတြေးလျ ခရီးသွားတစ်ဦး တရားစွဲဆိုခံရ!"

ချင်းမိုင် လေဆိပ်မှာ တရားမဝင် ခရီးသွားလုပ်ငန်း ကို ဖ-မ်းဆီး

ဘောလုံးသတင်းများဖတ်ရန်

ထိုင်းရောက်ရွှေမြန်မာတို့အတွက် ယုံကြည်စိတ်ချရတဲ့ ဂိမ်းဆိုက်မှာဂိမ်းကစားချင်ပါက

Comments