❝ကြောင်တစ်ကောင် သောင်းကျန်းတာနဲ့တိုက်ဆိုင်ပြီး ဘန်ကောက်- ယလာရထား (၇) နာရီ နောက်ကျ❞

 


❝ကြောင်တစ်ကောင် သောင်းကျန်းတာနဲ့တိုက်ဆိုင်ပြီး ဘန်ကောက်- ယလာရထား (၇) နာရီ နောက်ကျ❞

ygnygnthyangonm9 slotm9 asiam9 gamesYGNYGNTHslotcasinoSportsport bettingbettingYANGONစလော့တောင်ပေါ်သားgrabAISdtactrue moneyVisapink cardemployment agencyygnslotthYgn thygn slotSlot

ထိုင်းနိုင်ငံ ဘန်ကောက်ကနေ တောင်ပိုင်းကို ပြေးဆွဲနေတဲ့ ရထားတစ်စင်း (၇) နာရီနီးပါး နောက်ကျခဲ့ရတာဟာ "ကြောင်တစ်ကောင်ကြောင့်" ဆိုပြီး လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ သတင်းတစ်ခုရှိပါတယ်။

.ဖြစ်ပုံကတော့ ဘန်ကောက်ကနေ ယလာ (Yala) မြို့ကို သွားတဲ့ အမြန်ရထားအမှတ် (၁၆၉) ပေါ်မှာ အပူရှိန်ကြောင့် စိတ်တိုနေတဲ့ ကြောင်တစ်ကောင်က သူ့ပိုင်ရှင်ကို ကိုက်၊ တခြားခရီးသည်တွေကိုလည်း ကုတ်ခြစ်ပြီး သောင်းကျန်းခဲ့တာပါ။ အဲ့ဒီကြောင်ကို ပြန်ဖမ်းဖို့ ရထားကို ခေတ္တရပ်နားခဲ့ရပြီး ဝန်ထမ်းတွေက အိပ်ရာခင်းနဲ့ ပတ်ပြီး ဖမ်းခဲ့ရပါတယ်။

.ဒီသတင်း တက်လာပြီးနောက်မှာ လူအများက ရထား (၇) နာရီတောင် နောက်ကျရတာ ကြောင်တစ်ကောင် ကြောင့်လားဆိုပြီး ဝိုင်းပြောခဲ့ကြပါတယ်။ ဒါပေမဲ့ တကယ်တမ်း ခရီးသည်တွေ ပြန်ပြောပြတာကတော့ ကြောင်ဖမ်းတာက မိနစ် ၂၀ လောက်ပဲ ကြာတာဖြစ်ပြီး၊ တကယ်တမ်း ရထားနောက်ကျရတဲ့ အဓိကအကြောင်းရင်းကတော့ ရထားစက်ခေါင်း နှစ်ခါတောင် ပျက်သွားလို့ ဖြစ်တယ်လို့ သိရပါတယ်။

.ပထမတစ်ခါ ပျက်လို့ စက်ခေါင်းအသစ် လဲပေးပေမဲ့ အဲ့ဒီစက်ခေါင်းကပါ ထပ်ပျက်သွားတာကြောင့် နောက်ထပ်တစ်ခါ ထပ်လဲခဲ့ရပါတယ်။ အဲ့ဒီလို စက်ခေါင်းလဲတာတွေ စောင့်ဆိုင်းရတာကြောင့်သာ ရထားက ၄၃၀ မိနစ် (၇ နာရီကျော်) တောင် နောက်ကျသွားတာဖြစ်ပြီး၊ ကြောင်လေးကတော့ မတရား အပြစ်တင်ခံလိုက်ရတာဖြစ်ကြောင်း ခရီးသည်တွေက ကာကွယ်ပြောဆိုပေးကြပါတယ်။ တော်သေးတယ် ကြောင်လေး အဆဲခံရတဲ့ ဘေးကနေ လွတ်သွားလို့...

Previous Post  -  ❝ဖရဲသီးကားထဲ ဓာတ်ဆီတွေဝှက်ပြီး မြန်မာဘက် ခိုးသွင်းဖို့လုပ်တဲ့ ထိုင်းအမျိုးသားတစ်ဦး အဖမ်းခံရ❞

"စာချုပ်အငြင်းပွားမှုနှင့် ပတ်သက်၍ နာမည်ကျော် လက်ဝှေ့သမား ရော့ထန် (Rodtang) ကို ONE Championship မှ တရားစွဲဆို!"

"ဖခင်ဖြစ်သူထံမှ ငွေညှစ်ရန် ကိုယ့်ကိုယ်ကိုယ် ပြန်ပေးဆွဲခံရသယောင် ဖန်တီးခဲ့သည့် တရုတ်အမျိုးသမီးနှင့် အပေါင်းအပါများ စမွတ်ပရာကန် (Samut Prakan) တွင် ဖမ်းဆီးခံရ!"

ဘောလုံးသတင်းများဖတ်ရန်

ထိုင်းရောက်ရွှေမြန်မာတို့အတွက် ယုံကြည်စိတ်ချရတဲ့ ဂိမ်းဆိုက်မှာဂိမ်းကစားချင်ပါက

Comments