"ထိုင်းနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းဟာ နာမည်ကြီးသလောက် မကောင်းဘဲ 'အလွန်အမင်း အထင်ကြီးခံရလွန်းနေတယ်' (Overrated) လို့ နိုင်ငံခြားသူတစ်ဦး ဝေဖန်!"

 


"ထိုင်းနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းဟာ နာမည်ကြီးသလောက် မကောင်းဘဲ 'အလွန်အမင်း အထင်ကြီးခံရလွန်းနေတယ်' (Overrated) လို့ နိုင်ငံခြားသူတစ်ဦး ဝေဖန်!"

ygnygnthyangonm9 slotm9 asiam9 gamesYGNYGNTHslotcasinoSportsport bettingbettingYANGONစလော့တောင်ပေါ်သားgrabAISdtactrue moneyVisapink cardemployment agencyygnslotthYgn thygn slotSlot  

မကြာသေးမီက နိုင်ငံခြားသူ အမျိုးသမီးတစ်ဦးဟာ ထိုင်းနိုင်ငံမှာ (၂) ပတ်ကြာ ခရီးသွားခဲ့တဲ့ သူမရဲ့ အတွေ့အကြုံတွေကို ဗီဒီယိုရိုက်ကူး မျှဝေခဲ့ရာမှာ၊ ထိုင်းနိုင်ငံဟာ လူပြောများသလောက် မကောင်းဘဲ (Overrated) အလွန်အမင်း အထင်ကြီးခံရလွန်းနေတယ်လို့ ပြင်းပြင်းထန်ထန် ဝေဖန်ထားတဲ့အတွက် အွန်လိုင်းပေါ်မှာ အငြင်းပွားမှုတွေ ပေါ်ပေါက်လာပါတယ်။

သူမ၏ ဝေဖန်ထောက်ပြချက်များ

တည်းခိုစရိတ်

 အခြားအာရှနိုင်ငံတွေနဲ့ ယှဉ်ရင် ဈေးကြီးပါတယ်။ အသက်သာဆုံး တည်းခိုခန်း (Hostel) တောင် တစ်ညကို ဘတ် ၆၀၀ ရှိလို့ ကျောပိုးအိတ်လွယ်ခရီးသွား (Backpacker) တွေအတွက် ဈေးကြီးလွန်းပါတယ်။

အစားအသောက်

အစားအစာတွေက အဆီများပြီး ချိုလွန်းပါတယ်။ သူမကိုယ်တိုင်လည်း ဗိုက်အောင့်ဝေဒနာ ခံစားခဲ့ရပြီး၊ သူမသူငယ်ချင်းတွေဆိုရင် အစာအဆိပ်သင့်တာ၊ ဝမ်းလျှောတာတွေပါ ဖြစ်ခဲ့ပါတယ်။

သဘာဝပတ်ဝန်းကျင်

 နာမည်ကြီး ကျွန်းတွေနဲ့ ခရီးသွားနေရာတွေမှာ လူပြည့်ကျပ်နေပြီး ငြိမ်းချမ်းမှု မရှိပါဘူး။ နေရာတိုင်းမှာ အမှိုက်ပုံတွေ၊ အနံ့ဆိုးတွေရှိနေပြီး ဒေသခံတွေက သဘာဝပတ်ဝန်းကျင်ကို ညစ်ပတ်အောင် လုပ်နေကြတယ်လို့ ဆိုပါတယ်။

ဒေသခံများ၏ ဆက်ဆံရေး

 "အပြုံးတွေပြည့်နှက်နေတဲ့ နိုင်ငံ" (Land of Smiles) ဆိုတဲ့ ပုံရိပ်နဲ့ လုံးဝမကိုက်ညီဘဲ၊ အထူးသဖြင့် အများပြည်သူ သယ်ယူပို့ဆောင်ရေး လုပ်သားတွေဟာ ဖော်ရွေမှုမရှိတဲ့အပြင် သူမကို အော်ဟစ်ပြောဆိုတာတွေပါ ကြုံခဲ့ရတယ်လို့ ဝေဖန်ထားပါတယ်။

အွန်လိုင်းမှ တုံ့ပြန်မှုများ

ဒီဗီဒီယိုနဲ့ ပတ်သက်ပြီး ထိုင်းလူမှုကွန်ရက် သုံးစွဲသူတွေကြား သဘောထားကွဲလွဲနေကြပါတယ်။ တချို့က ဗီယက်နမ်၊ တရုတ်တို့နဲ့ နှိုင်းယှဉ်ကာ ဈေးကြီးတာ၊ လမ်းတွေကျဉ်းပြီး ညစ်ပတ်တာ၊ သယ်ယူပို့ဆောင်ရေး အဆင်မပြေတာတွေကို ထောက်ခံကြပေမယ့်၊ တချို့ကတော့ သူမဟာ ဘတ်ဂျက်အနည်းငယ်နဲ့ (Low-budget) ခရီးသွားတဲ့အတွက် ပေးရတဲ့ဈေးနဲ့တန်တဲ့ အတွေ့အကြုံကိုသာ ရရှိခြင်းဖြစ်တယ်လို့ ပြန်လည်ချေပထားကြပါတယ်။

[ထိုင်းနိုင်ငံမှာ လာရောက်အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား များအတွက် Migrants Care ၏ သတိပေးအကြံပြုချက်]

ဒီသတင်းစဉ်ကို လေ့လာကြည့်ရင် နိုင်ငံခြားသား ခရီးသွားတွေဟာ အစားအသောက် သန့်ရှင်းရေး၊ ပတ်ဝန်းကျင် သန့်ရှင်းရေးနဲ့ ဝန်ဆောင်မှုပေးသူတွေရဲ့ အပြောအဆို၊ ဆက်ဆံရေးတွေအပေါ်မှာ အလွန်အကဲဆတ်ပြီး မျှော်လင့်ချက် ကြီးမားတတ်တာကို သတိပြုမိမှာပါ။

ဒါကြောင့် ထိုင်းနိုင်ငံရဲ့ ခရီးသွားလုပ်ငန်း ကဏ္ဍတွေဖြစ်တဲ့ ဟိုတယ်၊ စားသောက်ဆိုင် စတဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေမှာ လာရောက်အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ညီအစ်ကိုမောင်နှမတွေအနေနဲ့ ဖောက်သည် နိုင်ငံခြားသား ခရီးသွားတွေအပေါ် ဆက်ဆံရာမှာ အထူးဂရုစိုက်ကြဖို့ အကြံပြုချင်ပါတယ်။ ဘာသာစကား အခက်အခဲကြောင့်ဖြစ်စေ၊ အလုပ်ပင်ပန်းလို့ဖြစ်စေ ဧည့်သည်တွေအပေါ် စိတ်မရှည်တာ၊ မျက်နှာထားတင်းမာတာ၊ အော်ဟစ်ပြောဆိုတာမျိုး လုံးဝ (လုံးဝ) မလုပ်ပါနဲ့။ အစားအသောက်နဲ့ လုပ်ငန်းခွင် သန့်ရှင်းရေးကို အမြဲတမ်း ဂရုစိုက်ပါ။ မိမိရဲ့ အပြုအမူတစ်ခုဟာ မိမိအလုပ်ရှင်ရဲ့ စီးပွားရေးကိုပါ ထိခိုက်စေနိုင်လို့ အမြဲတမ်း အပြုံးလေးနဲ့ ယဉ်ကျေးပျူငှာစွာ ဝန်ဆောင်မှုပေးကြဖို့ အထူးသတိပေး တိုက်တွန်းလိုက်ရပါတယ်။

လိမ်လည်သူတွေရဲ့ ရန်မှကင်းဝေးပြီး အဖမ်းအဆီးကင်းကာ ဘေးကင်းလုံခြုံကြပါစေလို့ Migrants Care မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ။

(အချက်အလက်များကို Thaiger သတင်းဌာနမှ ကိုးကားဖော်ပြထားပါသည်။)

Previous Post - ဗြိတိန်မင်းသား Jordan Wright ဖူးခက်ရှိ ရေမြောင်းအတွင်း သေဆုံးလျက်တွေ့ရှိ

ချင်းရိုင်ရှိ တရားမဝင် ကာရာအိုကေကို ဝင်ဖမ်းမြန်မာအပါအဝင် အသက်မပြည့်သေးသည့် မိန်းကလေးငယ် ၁၃ ဦး တွေ့ရှိ

မြန်မာမောင်လေး၁ဦး ညတုန်းက- ရေနစ်ပီး ဆုံးသွားပါတယ်

ထိုင်းရောက်ရွှေမြန်မာတို့အတွက် ယုံကြည်စိတ်ချရတဲ့ ဂိမ်းဆိုက်မှာဂိမ်းကစားချင်ပါက

Comments