လူမှုကွန်ရက်က သတင်းကြောင့် အရက်ဆိုင်ကို ဝင်ဖမ်းပါမစ်မရှိပဲ အလုပ်လုပ်နေတဲ့ မြန်မာအမျိုးသမီးနဲ့ ဆိုင်မန်နေဂျာဖြစ်သူကိုပါ ဖမ်းဆီး

 


လူမှုကွန်ရက်က သတင်းကြောင့် အရက်ဆိုင်ကို ဝင်ဖမ်းပါမစ်မရှိပဲ အလုပ်လုပ်နေတဲ့ မြန်မာအမျိုးသမီးနဲ့ ဆိုင်မန်နေဂျာဖြစ်သူကိုပါ ဖမ်းဆီး

ygnygnthyangonm9 slotm9 asiam9 gamesYGNYGNTHslotcasinoSportsport bettingbettingYANGONစလော့တောင်ပေါ်သားgrabAISdtactrue moneyVisapink cardemployment agencyygnslotthYgn thygn slotSlot  

ဘန်ရတ်ခရိုင်၊ ဆွိုင်သနိယ လမ်းထဲက အရက်ဆိုင်တစ်ဆိုင်မှာ တရားမဝင် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအမျိုးသမီးတစ်ဦးနဲ့ ဆိုင်မန်နေဂျာဖြစ်သူကို ရဲတပ်ဖွဲ့တွေက ဖမ်းဆီးအရေးယူလိုက်တယ်လို့ သိရပါတယ်။ ဒီဖမ်းဆီးမှုဟာ ဒီလမ်းထဲမှာ နိုင်ငံခြားသားတွေ တရားမဝင် အလုပ်လုပ်နေကြတယ်ဆိုတဲ့ သတင်းတွေ အွန်လိုင်းပေါ် ပျံ့နှံ့လာတာကြောင့် ရဲတပ်ဖွဲ့က နယ်မြေအတွင်း နေ့စဉ်မပြတ် စောင့်ကြည့်စစ်ဆေးရာကနေ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်လို့ သတင်းက ဖော်ပြပါတယ်။

ဖြစ်စဉ်အရ ပြီးခဲ့တဲ့ မတ်လ ၁၉ ရက်နေ့မှာ ဘန်ရတ်ရဲစခန်း ရဲတပ်ဖွဲ့ဝင်တွေဟာ ဆွိုင်သနိယ လမ်းထဲက အဆိုပါဆိုင်ကို ဝင်ရောက်စစ်ဆေးခဲ့တာပါ။ စစ်ဆေးနေစဉ် အသက် ၂၇ နှစ်အရွယ် မြန်မာအမျိုးသမီး တစ်ဦးဟာ တခြားဝန်ထမ်းတွေနဲ့အတူ ဧည့်သည်တွေကို ဝန်ဆောင်မှုပေးနေတာကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။ တာဝန်ရှိသူတွေက စစ်ဆေးကြည့်တဲ့အခါမှာတော့ သူမမှာ အထောက်အထားရော အလုပ်လုပ်ကိုင်ခွင့် လက်မှတ်ပါ မရှိတာကို စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

စစ်ဆေးမေးမြန်းချက်အရ အဆိုပါမြန်မာအမျိုးသမီးဟာ ထိုင်းစကားကို ကျွမ်းကျင်စွာ ပြောဆိုနိုင်ပြီး သူမအနေနဲ့ ဒီဆိုင်မှာ အမှန်တကယ် အလုပ်လုပ်နေတာဖြစ်ကြောင်း ဝန်ခံခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ အသက် ၃၉ နှစ်အရွယ် ဆိုင်မန်နေဂျာကလည်း သူမကို အလုပ်ခန့်ထားတာ မှန်ကန်ကြောင်း ဝန်ခံခဲ့တာကြောင့် ရဲတပ်ဖွဲ့က သူတို့နှစ်ဦးလုံးကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဆိုင်မန်နေဂျာကို အလုပ်လုပ်ကိုင်ခွင့်မရှိတဲ့ နိုင်ငံခြားသားကို အလုပ်ခန့်ထားမှုနဲ့ အမှုဖွင့်ထားပြီး မြန်မာအမျိုးသမီးကိုတော့ အလုပ်လုပ်ကိုင်ခွင့်မရှိဘဲ အလုပ်လုပ်ကိုင်မှုနဲ့ ဘန်ရတ်ရဲစခန်းမှာ ထိန်းသိမ်းကာ ဥပဒေအရ ဆက်လက်အရေးယူဖို့ လုပ်ဆောင်နေတယ်လို့ khaosod သတင်းက ဖော်ပြပါတယ်။

Previous Post - မြန်မာလူငယ်တစ်ဦး အလုပ်သွားနေစဉ် လမ်းပေါ်က မတော်တဆမှုကို တွေ့ရှိရာမှ သေဆုံးသူမှာ မိမိချစ်သူဖြစ်နေ

ဘဏ်တွေကနေ တစ်ရက်တည်း ဘတ် ၅ သန်းနဲ့အထက် ထုတ်ယူရင် ဧပြီလ ၁ ရက်ကစတင်ကာ တင်းကြပ်စွာ စ-စ်ဆေးမည်

ဘန်ကောက် Pathumwan မှ နာမည်ကြီး ကုန်တိုက်မှာ ဘတ် သန်း ၇၀ တန်ကြေးရှိ ကုန်ပစ္စည်းအတုတွေကို သိမ်းဆည်းပြီး ရောင်းချသူ ၆ ဦး ကို ဖ-မ်းဆီး

ထိုင်းရောက်ရွှေမြန်မာတို့အတွက် ယုံကြည်စိတ်ချရတဲ့ ဂိမ်းဆိုက်မှာဂိမ်းကစားချင်ပါက

Comments